
0
257




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကဆက် ပစ်ခတ်မှု ၈ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က ဘောလုံးပွဲကြည့်ကြတဲ့ ပါတီမှာ ပစ်ခတ်မှုဖြစ်ပွားပြီး သေနတ်နဲ့ ပစ်သူ အပါအဝင် လူ ၈ ဦးသေဆုံးခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် စပရင်း ခရိခ် အနောက်ပိုင်းမှာ မိသားစု နေအိမ်တစ်အိမ်အတွင်း ည ၈ နာရီလောက်က သေနတ်ပစ်မှု ဖြစ်နေတယ်လို့ ရဲတွေက သတင်းရရှိခဲ့ပါတယ်။ အနီးမှာရှိတဲ့ ရဲအရာရှိက အခင်းဖြစ်ပွားရာအိမ်ထဲကို ဝင်သွားချိန်မှာ သေနတ်နဲ့ ပစ်ခံထားရသူတွေကို တွေ့ရှိခဲ့ပြီး ပစ်ခတ်သူလို့ ယူဆရတဲ့အမျိုးသားကို ရဲက ပစ်သတ်လိုက်ရပါတယ်။

ပစ်ခတ်မှု၊ ပစ်ခတ်သူရဲ့ အမည်၊ အပစ်ခံရသူတွေနဲ့ ပတ်သက်လို့ ရဲက မထုတ်ပြန်သေးပါဘူး။ အပစ်ခံရပြီး ဒဏ်ရာရရှိသူ ၂ ဦးကိုတော့ ဆေးရုံပို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)