အာရ္မာ ဟာရီကိန္းေၾကာင့္ က်ဴးဘားကေန အန္တီဂြာအထိ နာလန္ထဖို႔ ခက္ခဲ

0
291

က်ဴးဘားကေန အန္တီဂြာႏိုင္ငံအထိ ကရစ္ဘီယန္ ကြ်န္းႏိုင္ငံေတြဟာ ျပင္းထန္တဲ့ အာရ္မာ ဟာရီကိန္းမုန္တိုင္းေၾကာင့္ လူေသဆံုးမႈ၊    ပ်က္ဆီးဆံုး႐ံႈးမႈ၊ ကစဥ္းကလ်ားျဖစ္မႈေတြ အႀကီးအက်ယ္ျဖစ္ခဲ့ၿပီး ခရီးသြားလုပ္ငန္းကို အားျပဳရတဲ့ အဲဒီေဒသေတြဟာ ျပန္လည္            ထူေထာင္ႏိုင္ဖို႔ ႏွစ္နဲ႔ခ်ီၿပီး ႀကိဳးပမ္းၾကရမွာ ျဖစ္ပါတယ္။

သတ္မွတ္ခ်က္ အဆင့္ ၅ ရွိတဲ့ အာရ္မာ မုန္တိုင္းေၾကာင့္ ေဒသတလႊား အနည္းဆံုး ၂၈ ဦး ေသဆံုးၿပီး တခ်ိဳ႕ကြ်န္းငယ္ေတြဟာ ကမာၻနဲ႔ အဆက္အသြယ္ ျပတ္ေတာက္လုနီးပါး ျဖစ္က်န္ခဲ့ပါတယ္။

လီဝါ့ဒ္ကြ်န္းေတြကေန ပြာတိုရီကိုနဲ႔ ဟစ္ပန္နီယိုလာကို ျဖတ္၊ က်ဴးဘားကို ဝင္ၿပီး ဖေလာ္ရီဒါအထိ ေရာက္ခဲ့တဲ့ အာရ္မာ မုန္တိုင္းဟာ ေမြးျမဴေရးလုပ္ထားတဲ့ ကြ်ဲ၊ ႏြား၊ ၾကက္၊ ဝက္ေတြကို ေသေစခဲ့ၿပီး၊ ကားေတြကိုလည္း ပ်က္စီးေစကာ အေဆာက္အအံုေတြကိုလည္း အမိုးေတြလန္ကာ ပ်က္စီးေစခဲ့ပါတယ္။

က်ဴးဘားႏိုင္ငံၿမိဳ႕ေတာ္ ဟာဗားနားက ပင္လယ္ကမ္းေျခေတြမွာ စက္တင္ဘာ ၁၀ ရက္ေန႔က ေရလိႈင္းေတြဟာ ၁၁ မီတာ အျမင့္အထိ လွိမ့္တက္လာခဲ့ပါတယ္။ ကမာၻလွည့္ခရီးသြားေတြၾကားမွာ ေက်ာ္ၾကားတဲ့ ဗာရာေဒ႐ိုမွာ ေလျပင္းေတြက်ခဲ့ပါတယ္။ ဟာဗားနားမွာ ပင္လယ္အနီးက ဟိုတယ္ေတြကေန လူေတြကို ကယ္ထုတ္ခဲ့ရၿပီး ေနအိမ္ေတြက လူေတြကိုလည္း ကယ္ဆယ္ေရး လုပ္သားေတြက ကူညီကယ္ဆယ္ခဲ့ရပါတယ္။

အေမရိကန္ပိုင္ ဗာဂ်င္ကြ်န္းစုေတြမွာလည္း ပ်က္စီးဆံုး႐ံႈးမႈေတြရွိလို႔ သမၼတ ေဒၚနယ္ထရမ့္က ဖက္ဒရယ္ရန္ပံုေငြေတြ တိုးခ်ေပးဖို႔ လုပ္ေနပါတယ္။ ကရစ္ဘီယန္ ပင္လယ္ထဲက ဒတ္ခ်္ပိုင္ စိန္႔မာတင္နဲ႔ ဘာဘူဒါ ကြ်န္းေတြမွာလည္း အနည္းဆံုး ၄ ဦးေသၿပီး အိမ္ေျခအေဆာက္အအံု ၇၀ ရာခိုင္ႏႈန္းအထိ အႀကီးအက်ယ္ ပ်က္စီးထိခိုက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာရ်မာ ဟာရီကိန်းကြောင့် ကျူးဘားကနေ အန်တီဂွာအထိ နာလန်ထဖို့ ခက်ခဲ

ကျူးဘားကနေ အန်တီဂွာနိုင်ငံအထိ ကရစ်ဘီယန် ကျွန်းနိုင်ငံတွေဟာ ပြင်းထန်တဲ့ အာရ်မာ ဟာရီကိန်းမုန်တိုင်းကြောင့် လူသေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှု၊ ကစဉ်းကလျားဖြစ်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး ခရီးသွားလုပ်ငန်းကို အားပြုရတဲ့ အဲဒီဒေသတွေဟာ ပြန်လည်ထူထောင်နိုင်ဖို့ နှစ်နဲ့ချီပြီး ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

သတ်မှတ်ချက် အဆင့် ၅ ရှိတဲ့ အာရ်မာ မုန်တိုင်းကြောင့် ဒေသတလွှား အနည်းဆုံး ၂၈ ဦး သေဆုံးပြီး တချို့ကျွန်းငယ်တွေဟာ ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်လုနီးပါး ဖြစ်ကျန်ခဲ့ပါတယ်။

လီဝါ့ဒ်ကျွန်းတွေကနေ ပွာတိုရီကိုနဲ့ ဟစ်ပန်နီယိုလာကို ဖြတ်၊ ကျူးဘားကို ဝင်ပြီး ဖလော်ရီဒါအထိ ရောက်ခဲ့တဲ့ အာရ်မာ မုန်တိုင်းဟာ မွေးမြူရေးလုပ်ထားတဲ့ ကျွဲ၊ နွား၊ ကြက်၊ ဝက်တွေကို သေစေခဲ့ပြီး၊ ကားတွေကိုလည်း ပျက်စီးစေကာ အဆောက်အအုံတွေကိုလည်း အမိုးတွေလန်ကာ ပျက်စီးစေခဲ့ပါတယ်။

ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားက ပင်လယ်ကမ်းခြေတွေမှာ စက်တင်ဘာ ၁၀ ရက်နေ့က ရေလှိုင်းတွေဟာ ၁၁ မီတာ အမြင့်အထိ လှိမ့်တက်လာခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ကျော်ကြားတဲ့ ဗာရာဒေရိုမှာ လေပြင်းတွေကျခဲ့ပါတယ်။ ဟာဗားနားမှာ ပင်လယ်အနီးက ဟိုတယ်တွေကနေ လူတွေကို ကယ်ထုတ်ခဲ့ရပြီး နေအိမ်တွေက လူတွေကိုလည်း ကယ်ဆယ်ရေး လုပ်သားတွေက ကူညီကယ်ဆယ်ခဲ့ရပါတယ်။

အမေရိကန်ပိုင် ဗာဂျင်ကျွန်းစုတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိလို့ သမ္မတ ဒေါ်နယ်ထရမ့်က ဖက်ဒရယ်ရန်ပုံငွေတွေ တိုးချပေးဖို့ လုပ်နေပါတယ်။ ကရစ်ဘီယန် ပင်လယ်ထဲက ဒတ်ချ်ပိုင် စိန့်မာတင်နဲ့ ဘာဘူဒါ ကျွန်းတွေမှာလည်း အနည်းဆုံး ၄ ဦးသေပြီး အိမ်ခြေအဆောက်အအုံ ၇၀ ရာခိုင်နှုန်းအထိ အကြီးအကျယ် ပျက်စီးထိခိုက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)