ဘေရွတ်ပေါက်ကွဲမှု – ဓာတုဆေးပါတဲ့ ကွန်တိန်နာတွေ ယိုစိမ့်နေတယ်လို့ ပြင်သစ် ကျွမ်းကျင်သူတွေ ပြော

0
202

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ဆိပ်ကမ်းရှိ အမိုနီယံ နိုက်ထရိတ်တွေ ပေါက်ကွဲတဲ့နေမှာ အန္တရာယ်ရှိတဲ့ ဓာတုဆေးပါတဲ့ ကွန်တိန်နာတွေ အနည်းဆုံး ၂၀ လောက် ရှိနေပြီး တစ်ခုက ယိုစိမ့်နေတာ တွေ့တယ်လို့ ဆိပ်ကမ်းရှင်းလင်းရေး လာရောက် ကူညီနေတဲ့ ပြင်သစ် ဓာတုဗေဒ ကျွမ်းကျင်သူတွေနဲ့ မီးသတ်သမားတွေက ပြောပါတယ်။

အရင်သီတင်းပတ် ဆိပ်ကမ်းမှာ ပေါက်ကွဲမှုတွေကြောင့် ဓာတုဆေး ကွန်တိန်နာတချို့ဟာ ပေါက်ထွက်နေတယ်လို့ ပြင်သစ် ဓာတုဗေဒ ကျွမ်းကျင်သူ အန်တိုနီက ပြောပါတယ်။ ဆိပ်ကမ်းမှာ ကျန်ရှိနေတာတွေကို ပြင်သစ်နဲ့ အီတလီ ဓာတုဗေဒ ပညာရှင်တွေက စစ်ဆေးရာ အန္တရာယ်ရှိတဲ့ ဓာတုဆေးပါ ကွန်တိန်နာ ၂၀ လောက် တွေ့တယ်လို့လည်း အန်တိုနီက ပြောပါတယ်။

ဓာတုဗေဒ ကျွမ်းကျင်သူတွေဟာ လက်ဘနွန် မီးသတ်သမားတွေနဲ့ ပူးပေါင်းပြီး ကွန်တိန်နာတွေကို လေ့လာပြီး ပါဝင်တာတွေကို သုံးသပ်တာ၊ အဲဒါတွေကို လုံခြုံတဲ့နေရာတွေ ပို့ဆောင်တာတွေ လုပ်နေပါတယ်။

ဓာတုဗေဒ ကျွမ်းကျင်သူတွေကရော လက်ဘနွန် တာဝန်ရှိသူတွေကပါ အဲဒီ ဓာတုဗေဒဆေး အမျိုးအစားက ဘာတွေလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

သှဂုတလြ ၄ ရကနြေ့ ဘရှတေဆြိပကြမြး ပေါကကြှဲမှုကှီးကှောင့ြ အနညြးဆုံး လူ ၂၂၀ ကွောြ သဆေုံး၊ တခှား လူ ၇၀၀၀ ကွောဒြဏရြာရကာ၊ လူပေါငြး ၃ သိနြးလောကြ အိုးအိမမြဲ့ ဖှဈသှားပါတယြ။

________________

________________

ဘရှေတျပေါကျကှဲမှု – ဓာတုဆေးပါတဲ့ ကှနျတိနျနာတှေ ယိုစိမျ့နတေယျလို့ ပွငျသဈ ကြှမျးကငြျသူတှေ ပွော

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ဆိပ်ကမ်းရှိ အမိုနီယံ နိုက်ထရိတ်တွေ ပေါက်ကွဲတဲ့နေမှာ အန္တရာယ်ရှိတဲ့ ဓာတုဆေးပါတဲ့ ကွန်တိန်နာတွေ အနည်းဆုံး ၂၀ လောက် ရှိနေပြီး တစ်ခုက ယိုစိမ့်နေတာ တွေ့တယ်လို့ ဆိပ်ကမ်းရှင်းလင်းရေး လာရောက် ကူညီနေတဲ့ ပြင်သစ် ဓာတုဗေဒ ကျွမ်းကျင်သူတွေနဲ့ မီးသတ်သမားတွေက ပြောပါတယ်။

အရင်သီတင်းပတ် ဆိပ်ကမ်းမှာ ပေါက်ကွဲမှုတွေကြောင့် ဓာတုဆေး ကွန်တိန်နာတချို့ဟာ ပေါက်ထွက်နေတယ်လို့ ပြင်သစ် ဓာတုဗေဒ ကျွမ်းကျင်သူ အန်တိုနီက ပြောပါတယ်။ ဆိပ်ကမ်းမှာ ကျန်ရှိနေတာတွေကို ပြင်သစ်နဲ့ အီတလီ ဓာတုဗေဒ ပညာရှင်တွေက စစ်ဆေးရာ အန္တရာယ်ရှိတဲ့ ဓာတုဆေးပါ ကွန်တိန်နာ ၂၀ လောက် တွေ့တယ်လို့လည်း အန်တိုနီက ပြောပါတယ်။

ဓာတုဗေဒ ကျွမ်းကျင်သူတွေဟာ လက်ဘနွန် မီးသတ်သမားတွေနဲ့ ပူးပေါင်းပြီး ကွန်တိန်နာတွေကို လေ့လာပြီး ပါဝင်တာတွေကို သုံးသပ်တာ၊ အဲဒါတွေကို လုံခြုံတဲ့နေရာတွေ ပို့ဆောင်တာတွေ လုပ်နေပါတယ်။

ဓာတုဗေဒ ကျွမ်းကျင်သူတွေကရော လက်ဘနွန် တာဝန်ရှိသူတွေကပါ အဲဒီ ဓာတုဗေဒဆေး အမျိုးအစားက ဘာတွေလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

သြဂုတ်လ ၄ ရက်နေ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် အနည်းဆုံး လူ ၂၂၀ ကျော် သေဆုံး၊ တခြား လူ ၇၀၀၀ ကျော်ဒဏ်ရာရကာ၊ လူပေါင်း ၃ သိန်းလောက် အိုးအိမ်မဲ့ ဖြစ်သွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)