ထိုင်းပင်လယ်စာ ရောင်းချရာမှာ လိမ်လည်သူ နှစ်ဦးကို ထောင် ၁၄၄၆ နှစ်စီ ချ

0
472

စားသုံးသူတွေကို လိမ်လည်မှုနဲ့ ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင် နှစ်ဦးကို ထိုင်းတရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်လိုက်ပါတယ်။

မနှစ် ၂၀၁၉ ခုနှစ်တုန်းက လင်းမ်ဂိတ် (Laemgate) ပင်လယ်စာ စားသောက်ဆိုင်ဟာ ကြိုတင်ငွေရှင်းစနစ်နဲ့ အစားအသောက် အရောင်းမြှင့်တင်မှုကို အွန်လိုင်းကနေ လုပ်ခဲ့ပါတယ်။ စားသုံးသူ ၂ သောင်းကျော်က ထိုင်းဘတ်ငွေ ၅၀ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်း) ဖိုး မှာယူအားပေးခဲ့ကြပါတယ်။

ဒါပေမယ့် စားသောက်က နောက်ပိုင်းမှာ စားသုံးသူတွေ အမှာစာအတိုင်း ဝန်ဆောင်မှု မပေးနိုင်တော့ပါဘူးဆိုပြီး စားသောက်ဆိုင်ကို ပိတ်လိုက်ပါတယ်။ ဒါကြောင့် ဆိုင်ပိုင်ရှင် အပီချတ် ဘိုဝန်ဘန်ချာရတ် နဲ့ ပရာပတ်ဆွန် ဘိုဝန်ဘန်ချာ တို့ဟာ စားသုံးသူ ရာပေါင်းများစွာက တိုင်ကြားလို့ အဖမ်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ အခုလို အလွန်အမင်း နှစ်ရှည် ထောင်ဒဏ် ချမှတ်လေ့တော့ မရှိပါဘူး။ အခု တိုင်တန်းတဲ့သူကလည်း အလွန်များပြားနေတာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ အရှည်ဆုံးအပြစ်ပေးတဲ့ ထောင်ဒဏ်ကတော့ နှစ် ၂၀ ပဲ ဖြစ်ပါတယ်။

လင်းမ်ဂိတ် ပင်လယ်စာ စားသောက်ဆိုင်ဟာ မနှစ်တုန်းက ငွေကြိုရှင်းစနစ်နဲ့ လူ ၁၀ ယောက်စာ ပင်လယ်စာ တစ်ပွဲကို ဘတ် ၈၈၀ (၂၈ ဒေါ်လာခန့်) နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ပုံမှန်စျေးထက် ပိုသက်သာနေပါတယ်။ အစပိုင်းမှာတော့ မှာယူသူတွေဟာ အစားအစာတွေကို အချိန်မီ ရခဲ့ပေမယ့် နောက်ပိုင်းမှာ ဘွတ်ကင်လုပ်ထားပြီး လပေါင်းများစွာ စောင့်ရတဲ့အထိ ဖြစ်လာပါတယ်။

မနှစ်က မတ်လမှာတော့ မှာထားသလောက် ရောင်းမပေးနိုင်တော့လို့ ဆိုင်ပိတ်ပြီလို့ ကြေညာလိုက်ပါတယ်။ အစားအသောက် မှာခဲ့သူ ၈၁၈ ဦးအနက် ၃၇၅ ဦးက ငွေပြန်တောင်းခဲ့ကြပြီးနောက် တရားစွဲမှုတွေ ပေါ်ပေါက်လာတာပါ။

အပီချတ်နဲ့ ပရာပတ်ဆွန်တို့ဟာ အမှု ၇၂၃ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် ဇွန်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်လိုက်တာပါ။ အယူခံဝင်ပြီးနောက် ထောင်ဒဏ်ကို ၇၂၃ နှစ်စီ လျှော့ချခဲ့ပါတယ်။ ထိုင်းဥပဒေအရကတော့ အများဆုံး ထောင်ထဲမှာ နှစ် ၂၀ တော့ နေရမှာ ဖြစ်ပါတယ်။

ဆိုငပွိုငရွှငနွှဈဦးကို ဒဏငွှေ ဘတွ ၁ ဒသမ ၈ သနွး ခမှှတတွဲ့အပှငွ သူတို့ကုမပြဏီကိုလညွး ဖောကသွညတွှကေို လှောကွှေး ၂ ဒသမ ၅ သနွး ပေးဖို့ ခမှှတလွိုကပွါတယွ။

___________________

___________________

ထိုငြးပငလြယစြာ ရောငြးခရွာမှာ လိမလြညသြူ နှဈဦးကို ထောငြ ၁၄၄၆ နှဈစီ ချ

စားသုံးသူတွေကို လိမ်လည်မှုနဲ့ ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင် နှစ်ဦးကို ထိုင်းတရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်လိုက်ပါတယ်။

မနှစ် ၂၀၁၉ ခုနှစ်တုန်းက လင်းမ်ဂိတ် (Laemgate) ပင်လယ်စာ စားသောက်ဆိုင်ဟာ ကြိုတင်ငွေရှင်းစနစ်နဲ့ အစားအသောက် အရောင်းမြှင့်တင်မှုကို အွန်လိုင်းကနေ လုပ်ခဲ့ပါတယ်။ စားသုံးသူ ၂ သောင်းကျော်က ထိုင်းဘတ်ငွေ ၅၀ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်း) ဖိုး မှာယူအားပေးခဲ့ကြပါတယ်။

ဒါပေမယ့် စားသောက်က နောက်ပိုင်းမှာ စားသုံးသူတွေ အမှာစာအတိုင်း ဝန်ဆောင်မှု မပေးနိုင်တော့ပါဘူးဆိုပြီး စားသောက်ဆိုင်ကို ပိတ်လိုက်ပါတယ်။ ဒါကြောင့် ဆိုင်ပိုင်ရှင် အပီချတ် ဘိုဝန်ဘန်ချာရတ် နဲ့ ပရာပတ်ဆွန် ဘိုဝန်ဘန်ချာ တို့ဟာ စားသုံးသူ ရာပေါင်းများစွာက တိုင်ကြားလို့ အဖမ်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ အခုလို အလွန်အမင်း နှစ်ရှည် ထောင်ဒဏ် ချမှတ်လေ့တော့ မရှိပါဘူး။ အခု တိုင်တန်းတဲ့သူကလည်း အလွန်များပြားနေတာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ အရှည်ဆုံးအပြစ်ပေးတဲ့ ထောင်ဒဏ်ကတော့ နှစ် ၂၀ ပဲ ဖြစ်ပါတယ်။

လင်းမ်ဂိတ် ပင်လယ်စာ စားသောက်ဆိုင်ဟာ မနှစ်တုန်းက ငွေကြိုရှင်းစနစ်နဲ့ လူ ၁၀ ယောက်စာ ပင်လယ်စာ တစ်ပွဲကို ဘတ် ၈၈၀ (၂၈ ဒေါ်လာခန့်) နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ပုံမှန်ဈေးထက် ပိုသက်သာနေပါတယ်။ အစပိုင်းမှာတော့ မှာယူသူတွေဟာ အစားအစာတွေကို အချိန်မီ ရခဲ့ပေမယ့် နောက်ပိုင်းမှာ ဘွတ်ကင်လုပ်ထားပြီး လပေါင်းများစွာ စောင့်ရတဲ့အထိ ဖြစ်လာပါတယ်။

မနှစ်က မတ်လမှာတော့ မှာထားသလောက် ရောင်းမပေးနိုင်တော့လို့ ဆိုင်ပိတ်ပြီလို့ ကြေညာလိုက်ပါတယ်။ အစားအသောက် မှာခဲ့သူ ၈၁၈ ဦးအနက် ၃၇၅ ဦးက ငွေပြန်တောင်းခဲ့ကြပြီးနောက် တရားစွဲမှုတွေ ပေါ်ပေါက်လာတာပါ။

အပီချတ်နဲ့ ပရာပတ်ဆွန်တို့ဟာ အမှု ၇၂၃ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် ဇွန်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်လိုက်တာပါ။ အယူခံဝင်ပြီးနောက် ထောင်ဒဏ်ကို ၇၂၃ နှစ်စီ လျှော့ချခဲ့ပါတယ်။ ထိုင်းဥပဒေအရကတော့ အများဆုံး ထောင်ထဲမှာ နှစ် ၂၀ တော့ နေရမှာ ဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်နှစ်ဦးကို ဒဏ်ငွေ ဘတ် ၁ ဒသမ ၈ သန်း ချမှတ်တဲ့အပြင် သူတို့ကုမ္ပဏီကိုလည်း ဖောက်သည်တွေကို လျော်ကြေး ၂ ဒသမ ၅ သန်း ပေးဖို့ ချမှတ်လိုက်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)