သားသမီး သုံးယောက်နဲ့ သုံးလကြာ ခွဲခွာပြီး COVID-19 ရောဂါ ကုသရေး လုပ်နေတဲ့ သူနာပြု မိသားစုနဲ့ ပြန်ဆုံ

0
174

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က သူနာပြုတစ်ဦးဟာ သားသမီး သုံးဦးနဲ့ သုံးလကြာ ခွဲခွာပြီး COVID-19 ရောဂါ တိုက်ဖျက်ရေးကို ရှေ့တန်းကနေ ဆောင်ရွက်ပြီးနောက် အခုအခါမှာတော့ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပြီဖြစ်ပါတယ်။

ဘရစ်ဂျန့်မြို့မှာ နေထိုင်တဲ့ သူနာပြု အေမီ လိဂျ် ဒေးဗစ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက သားသမီး သုံးယောက်နဲ့ ခွဲနေဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ဝေလ မင်းသမီး ဆေးရုံမှာ အလုပ်လုပ်တဲ့ အေမီဆီမှာ ဂျို့ရှ် (၁၅ နှစ်)၊ ဆက်ဆကီယာ (၁၄ နှစ်) နဲ့ ခုနစ်နှစ်အရွယ် ချာလီတို့ ရှိပါတယ်။

သူ့ရဲ့အလုပ်က COVID-19 ရောဂါ ကူးစက်နေတဲ့ လူနာတွေကို မနားတမ်း ပြုစုစောင့်ရှောက်ပေးရတာ ဖြစ်လို့ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တာကြောင့် သားသမီးတွေနဲ့ ခွဲနေဖို့ ဆုံးဖြတ်ခဲ့ရတာပါ။

သူနာပြု အေမီရဲ့ ကလေးသုံးဦးကို သူ့ရဲ့ ညီမဖြစ်သူ ကယ်ရီ ဝပ်ကင်စ်က ခေါ်ယူ စောင့်ရှောက်ပေးထားပါတယ်။ သီတင်း ၁၃ ပတ် ကြာပြီးနောက်မှာတော့ သူနာပြု အေမီဟာ သားသမီးတွေနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပါပြီ။

ကလေးတှကေို အနျတရာယြ မဖှဈစခငွေဘြူး၊ COVID-19 ရောဂါအကှောငြးလညြး ကွှနမြတို့ သသခွေောခွာ မသိသေးပါဘူး၊ သူတို့ကို လုံခှုံစခငွေပြါတယလြို့ သူနာပှု အမေီက ပှောပါတယြ။

________________

________________

သားသမီး သုံးယောကျနဲ့ သုံးလကွာ ခှဲခှာပွီး COVID-19 ရောဂါ ကုသရေး လုပျနတေဲ့ သူနာပွု မိသားစုနဲ့ ပွနျဆုံ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က သူနာပြုတစ်ဦးဟာ သားသမီး သုံးဦးနဲ့ သုံးလကြာ ခွဲခွာပြီး COVID-19 ရောဂါ တိုက်ဖျက်ရေးကို ရှေ့တန်းကနေ ဆောင်ရွက်ပြီးနောက် အခုအခါမှာတော့ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပြီဖြစ်ပါတယ်။

ဘရစ်ဂျန့်မြို့မှာ နေထိုင်တဲ့ သူနာပြု အေမီ လိဂျ် ဒေးဗစ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက သားသမီး သုံးယောက်နဲ့ ခွဲနေဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ဝေလ မင်းသမီး ဆေးရုံမှာ အလုပ်လုပ်တဲ့ အေမီဆီမှာ ဂျို့ရှ် (၁၅ နှစ်)၊ ဆက်ဆကီယာ (၁၄ နှစ်) နဲ့ ခုနစ်နှစ်အရွယ် ချာလီတို့ ရှိပါတယ်။

သူ့ရဲ့အလုပ်က COVID-19 ရောဂါ ကူးစက်နေတဲ့ လူနာတွေကို မနားတမ်း ပြုစုစောင့်ရှောက်ပေးရတာ ဖြစ်လို့ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တာကြောင့် သားသမီးတွေနဲ့ ခွဲနေဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ 

သူနာပြု အေမီရဲ့ ကလေးသုံးဦးကို သူ့ရဲ့ ညီမဖြစ်သူ ကယ်ရီ ဝပ်ကင်စ်က ခေါ်ယူ စောင့်ရှောက်ပေးထားပါတယ်။ သီတင်း ၁၃ ပတ် ကြာပြီးနောက်မှာတော့ သူနာပြု အေမီဟာ သားသမီးတွေနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပါပြီ။

ကလေးတွေကို အန္တရာယ် မဖြစ်စေချင်ဘူး၊ COVID-19 ရောဂါအကြောင်းလည်း ကျွန်မတို့ သေသေချာချာ မသိသေးပါဘူး၊ သူတို့ကို လုံခြုံစေချင်ပါတယ်လို့ သူနာပြု အေမီက ပြောပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)