ကယ်လီဖိုးနီးယား ရဲအရာရှိ သေနတ်နဲ့ ခေါင်းကို ပစ်ခံရ၊ ကံကောင်းစွာ အသက်ရှင်

0
198

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယ ရဲအရာရှိတစ်ဦး သေနတ်နဲ့ ဦးခေါင်းကို ပစ်ကာ အလစ်အငိုက် အတိုက်ခိုက်ခံရပြီးနောက် အာဏာပိုင်တွေက မကြာသေးခင်က ရဲအရာရှိတွေ တိုက်ခိုက်ခံရမှု နှစ်ခုနဲ့ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြပါတယ်။

ပါဆို ရော့ဘယ်စ်မြို့ငယ်ရှိ ဆန် လူးစ် အော်ဘစ်ပို စီရင်စုက ဒုရဲအရာရှိ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး သေနတ်သမားက ကြုံသလို ပစ်ခတ်သွားတာလို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။ သေနတ်သမားကတော့ လွတ်နေပါတယ်။ သံသယရှိတဲ့ သေနတ်သမားအဖြစ် ဆံပင်အနက်ရောင်၊ မုတ်ဆိတ်မွေးနဲ့ လူငယ်တစ်ဦး ဓာတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေနတ်သမားက ရဲစခန်း အနောက်ဘက်ကနေ ပစ်ခတ်သွားတာ ဖြစ်ကြောင်း၊ ဒုရဲအရာရှိက ရဲစခန်း ပြတင်းပေါက်နားမှာ ရှိနေပြီး တခြားသူတွေ ထိခိုက်မှု မရှိကြောင်း စီရင်စု ရဲအရာရှိ အီယန် ပါကင်ဆန်က ပြောပါတယ်။

အခု သေနတ်ပစ်ခံရမှုဟာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်း၊ ဆန်တာ ခရုဇ် စီရင်စုမှာ ရဲတွေ အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ငါးရက် အကြာမှာ ဖြစ်တာပါ။ အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ကြပ် ဒါမွန် ဂတ်ဇ်ဝီလာ (၃၈ နှစ်) သေဆုံးခဲ့ပြီး နောက် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သံသယ တရားခံကတော့ စတီဗင် ကာရီလို ဖြစ်ပါတယ်။

မလေ ၂၉ ရကျနေ့က အောက်ကလနျ တရားရုံးအပွငျဘကျမှာ ဖကျဒရယျ လုံခွုံရေးအရာရှိ ပဈသတျခံရမှုနဲ့ သံသယ တရားခံ ကာရီလို (၃၂ နှဈ) တကျစပျမှု ရှိ၊ မရှိ FBI က စဈဆေးနဆေဲ ဖွဈပါတယျ။

___________________

___________________

ကယ်လီဖိုးနီးယား ရဲအရာရှိ သေနတ်နဲ့ ခေါင်းကို ပစ်ခံရ၊ ကံကောင်းစွာ အသက်ရှင်

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယ ရဲအရာရှိတစ်ဦး သေနတ်နဲ့ ဦးခေါင်းကို ပစ်ကာ အလစ်အငိုက် အတိုက်ခိုက်ခံရပြီးနောက် အာဏာပိုင်တွေက မကြာသေးခင်က ရဲအရာရှိတွေ တိုက်ခိုက်ခံရမှု နှစ်ခုနဲ့ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြပါတယ်။

ပါဆို ရော့ဘယ်စ်မြို့ငယ်ရှိ  ဆန် လူးစ် အော်ဘစ်ပို စီရင်စုက ဒုရဲအရာရှိ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး သေနတ်သမားက ကြုံသလို ပစ်ခတ်သွားတာလို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။ သေနတ်သမားကတော့ လွတ်နေပါတယ်။ သံသယရှိတဲ့ သေနတ်သမားအဖြစ် ဆံပင်အနက်ရောင်၊ မုတ်ဆိတ်မွေးနဲ့ လူငယ်တစ်ဦး ဓာတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေနတ်သမားက ရဲစခန်း အနောက်ဘက်ကနေ ပစ်ခတ်သွားတာ ဖြစ်ကြောင်း၊ ဒုရဲအရာရှိက ရဲစခန်း ပြတင်းပေါက်နားမှာ ရှိနေပြီး တခြားသူတွေ ထိခိုက်မှု မရှိကြောင်း စီရင်စု ရဲအရာရှိ အီယန် ပါကင်ဆန်က ပြောပါတယ်။

အခု သေနတ်ပစ်ခံရမှုဟာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်း၊ ဆန်တာ ခရုဇ် စီရင်စုမှာ ရဲတွေ အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ငါးရက် အကြာမှာ ဖြစ်တာပါ။ အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ကြပ် ဒါမွန် ဂတ်ဇ်ဝီလာ (၃၈ နှစ်) သေဆုံးခဲ့ပြီး နောက် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သံသယ တရားခံကတော့ စတီဗင် ကာရီလို ဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့က အောက္ကလန် တရားရုံးအပြင်ဘက်မှာ ဖက်ဒရယ် လုံခြုံရေးအရာရှိ ပစ်သတ်ခံရမှုနဲ့ သံသယ တရားခံ ကာရီလို (၃၂ နှစ်) တက်စပ်မှု ရှိ၊ မရှိ FBI က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)