ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေနဲ့ ထိတွေ့သူတွေကို ခြေရာခံနိုင်ဖို့ Google နဲ့ Apple ဖန်တီး

0
190

Google နဲ့ Apple နည်းပညာ ကုမ္ပဏီတွေက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ထားသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို စမတ်ဖုန်းကတဆင့် ခြေရာခံနိုင်မယ့် နည်းလမ်းကို တီထွင်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ တတပ်တအား ပါဝင်တဲ့အနေနဲ့ လူအများဆုံး အသုံးပြုနေတဲ့ မိုဘိုင်း အော်ပရေးရှင်းကို အသုံးပြုကာ Google နဲ့ Apple က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ Apple က ထုတ်တဲ့ ဆော့ဖ်ဝဲ သုံးသူတွေရော Google နဲ့ တွဲလုပ်ထားတဲ့ Android စနစ်ရော “opt in system” မှာ သတင်းအချက်အလက်တွေ ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။

Apple နဲ့ Google ဟာ အခုလို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ အတူပူးပေါင်း လုပ်ဆောင်ရေးကို ဘယ်တုံးကမှ မကြုံဖူးတဲ့အနေနဲ့ အရေးအကြီးဆုံးလို့ ယုံကြည်လို့ ဖြစ်ပါတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပထမအဆင့်အနေနဲ့ လာမယ့် လမှာ iPhone ရော Android စနစ်သုံး ဖုန်းတွေပါ သတင်းအချက်အလက် မျှဝေနိုင်လိမ့်မှာ ဖြစ်ကြောင်းနဲ့ ဒီလို နည်းပညာကို ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေဆီကိုပါ မျှဝေပေးသွားမယ်လို့ ဖော်ပြပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေနဲ့ ထိတွေ့သူတွေကို ခြေရာခံနိုင်မယ့် နည်းကို Google နဲ့ Apple က ဖန်တီး

Google နဲ့ Apple နည်းပညာ ကုမ္ပဏီတွေက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ထားသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို စမတ်ဖုန်းကတဆင့် ခြေရာခံနိုင်မယ့် နည်းလမ်းကို တီထွင်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ တတပ်တအား ပါဝင်တဲ့အနေနဲ့ လူအများဆုံး အသုံးပြုနေတဲ့ မိုဘိုင်း အော်ပရေးရှင်းကို အသုံးပြုကာ Google နဲ့ Apple က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။  Apple က ထုတ်တဲ့ ဆော့ဖ်ဝဲ သုံးသူတွေရော Google နဲ့ တွဲလုပ်ထားတဲ့ Android စနစ်ရော “opt in system” မှာ သတင်းအချက်အလက်တွေ ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။

Apple နဲ့ Google ဟာ အခုလို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ အတူပူးပေါင်း လုပ်ဆောင်ရေးကို ဘယ်တုံးကမှ မကြုံဖူးတဲ့အနေနဲ့ အရေးအကြီးဆုံးလို့ ယုံကြည်လို့ ဖြစ်ပါတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပထမအဆင့်အနေနဲ့ လာမယ့် လမှာ iPhone ရော Android စနစ်သုံး ဖုန်းတွေပါ သတင်းအချက်အလက် မျှဝေနိုင်လိမ့်မှာ ဖြစ်ကြောင်းနဲ့ ဒီလို နည်းပညာကို ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေဆီကိုပါ မျှဝေပေးသွားမယ်လို့ ဖော်ပြပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)