တရုတ် လက်သင့်မခံလို့ မြောက်ကိုရီးယားသင်္ဘော ပြန်လှည့်သွားရ

0
290

တရုတ်ကုန်သွယ်ရေး ကုမ္ပဏီတွေကို မြောက်ကိုရီးယားက ကျောက်မီးသွေးတွေ လက်သင့်မခံဖို့ အစိုးရက အမိန့်ပေးခဲ့တာကြောင့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေဟာ နမ်ပိုဆိပ်ကမ်းကို ပြန်ဦးတည်ပြီး ခုတ်မောင်းသွားခဲ့ရပါတယ်။

ဒုံးကျည်ပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်မှုကြောင့် နိုင်ငံတကာရဲ့ဝေဖန်မှုတွေ များပြားလာခဲ့ချိန်မှာ မြောက်ကိုရီးယားရဲ့တင်ပို့မှုအားလုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ပြီး အကြီးဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံက ပိတ်ပင်ခဲ့တာပါ။

နှစ်နိုင်ငံကြားက ကျောက်မီးသွေးကုန်သွယ်မှုကို ပယ်ဖျက်ဖို့အတွက် တရုတ်အခွန်ဌာနက ဧပြီလ ၇ ရက်နေ့မှာ တရားဝင်အမိန့် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယား ကျောက်မီးသွေးတင်ဆောင်လာတဲ့ သင်္ဘောတွေကို ပြန်လွှတ်ဖို့ တရုတ်ကုမ္ပဏီတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ဟာ ဧပြီ ၇ ရက်နေ့မှာ မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။ အခုကျောက်မီးသွေးတင်ဆောင်လာတဲ့သင်္ဘောတွေ ပြန်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက တရားဝင် ဘာမှတ်ချက်မှမပေးခဲ့ကြပါဘူး။

မြောက်ကိုရီးယားကျောက်မီးသွေးကို အဓိက၀ယ်ယူတဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒန်ဒေါင်းချန်တိုက်ရဲ့ဖော်ပြချက်အရ ဆိပ်ကမ်းအများအပြားမှာ မြောက်ကိုရီးယား ကျောက်မီးသွေး တန်ချိန် ခြောက်သိန်းရှိနေပြီး စုစုပေါင်းကျောက်မီးသွေး တန် ၂ သန်းဟာ တရုတ်ဆိပ်ကမ်းတွေမှာ သောင်တင်နေကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)