မက္ကဆီကိုမြို့က အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၇ ဦးသေဆုံး

0
291

မက္ကဆီကိုမြို့က ကားရပ်နားစခန်းတစ်ခုမှာ အလုပ်လုပ်နေကြတဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေအပေါ် မနေ့က ကွန်ကရစ်ပြား ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇ ဦသေဆုံးခဲ့ရပြီ ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တဲ့ မြို့တော်ဖူစတိုလူဂိုရဲ့ အနောက်ဘက်ပိုင်းမှာ ကယ်ဆယ်ရေး ၀န်ထမ်းတွေက အသက်မသေ သူတွေကို လိုက်လံရှာ ဖွေနေကြောင်း မက္ကဆီကိုရုပ်သံ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အစောပိုင်းမှာ မက္ကဆီကိုရုပ်သံသတင်းဌာနက ဖော်ပြခဲ့တဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံတွေအရ မီးသတ်သမားတွေနဲ့ သူနာပြုတွေဟာ ကွန်ကရစ်ပြား အပျက်အစီး တွေကြားမှာ ဆောက်လုပ်ရေး အလုပ်သမားတွေကို လိုက်လံရှာဖွေနေကြောင်း သိရှိရပါတယ်။

အဆောက်အအုံမှာ အလုပ်သမားတွေက ကွန်ကရစ်ဘင်း တပ်ဆင်ဖို့လုပ်ဆောင်ရာကနေ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တာပါ။
မြို့တော် မီးသတ်ဌာနရဲ့အကြီးအကဲ ရုလ်အက်စ်ကွီဗဲလ်က အဆိုပါမတော်တဆမှုကြောင့် သေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးအထိရှိခဲ့ပြီး ပိတ်မိနေတဲ့ အလုပ်သမားတချို့လည်း ကျန်နေသေးကြောင်း အစောပိုင်းက မက္ကဆီကိုရုပ်သံသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)