မကောင်းဆိုးဝါးကို ပူဇော်ဖို့ ဆယ်ကျော်သက် မိန်းကလေးတွေကို သတ်ဖြတ်

0
384

အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိစ် က MH-13 လို့ခေါ်တဲ့ လမ်းသရဲဂိုဏ်းတစ်ခုဟာ စေတန်လို့ခေါ်တဲ့ မကောင်းဆိုးဝါး ကိုပူဇော်ဖို့ ဆယ်ကျော်သက်မိန်းကလေး ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့အတွက် တရားရုံးက စွဲချက်တင်ထားပါတယ်။

သူတို့အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ မိန်းကလေးတွေထဲမှာ ဟူစတန်မြို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ နယူးယောက်မြို့ အနားက လောင်းအိုင်လန် ကျွန်းက အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အသီးသိး ရှိတဲ့ မိန်းကလေး နှစ်ဦး တို့ပါဝင်ပါတယ်။

အဲဒီမိန်းကလေးတွေရဲ့ အလောင်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဘေ့စ်ဘောတုတ်တံ နဲ့ ရိုက်နက်ထားခြင်းခံရတဲ့ အဓမ္မပြုကျင့်ထားတဲ့ လက္ခဏာ တွေလည်းတွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာ MS – 13 ဂိုဏ်းရဲ့ ဂိုဏ်းဝင်သုံးဦးဖြစ်တဲ့ အယ်ဆယ်လ်ဗာဒိုရမ်၊ ဒီယာကိုရီဝရာ နဲ့ မီဂွယ်အယ် ဗရက်စ် တို့ကို ဟူစတန်မှာဖြစ်ခဲ့တဲ့ လူသတ်မှုအတွက် တရားရုံးမှာ စစ်ဆေးနေပါတယ်။

အဲဒီဂိုဏ်းရဲ့ဖမ်းဆီးထားတာကနေ လွတ်မြောက်လာတဲ့ မိန်းကလေးတစ်ဦးရဲ့တရားရုံးကို ထွက်ဆိုချက်အရ သူမကိုဖမ်းဆီးထားချိန်မှာ အဲဒီဂိုဏ်းက လူတွေဟာမကောင်းဆိုးဝါးကို ပစ္စည်းတွေနဲ့ ပူဇော်လို့မရဘဲ လူရဲ့ဝိညာဉ်နဲ့ပဲ ပူဇော်ရမယ်လို့ ပြောနေတာကို ကြားခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီ ဂိုဏ်းဟာ ၂၀၁၀ ကနေစတင်ပြီး လောင်းအိုင်လန်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှု အခု ၃၀ ကျော်အတွက် တာဝန်ရှိတယ်လို့လည်း တရားရုံးကယူဆနေပါတယ်။ လက်ရှိမှာ အဲဒီဂိုဏ်းဝင် ၁၃ ယောက်ထဲက လေးယောက် ကို သေဒဏ်ချမှတ်ထားပြီး ဧပြီလ ၄ ရက်
နေ့မှာ သေဒဏ်စီရင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)