ငတ်မွတ် ခေါင်းပါးမှု ဘေးဒဏ်ကို နိုင်ငံ ၄ နိုင်ငံက လူသန်း ၂၀ ခံစားနေရ

0
313

ငတ်မွတ်ခေါင်းပါးမှု ဒုဗ္ဘိက္ခန္တရကပ်ကို ယီမင်၊ တောင်ဆူဒန်၊ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယား ၄ နိုင်ငံက လူသန်း ၂၀ ခံစားနေရတဲ့အတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံလောက် အကူအညီလိုနေပါတယ်။

အဲဒီနိုင်ငံတွေကို သွားရောက် ကွင်းဆင်း လေ့လာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ စတီဖင် အို ဘရိုင်နယ်က ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြတာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ရန်ပုံငွေ၊ အကူအညီပေးရေး လုပ်သားတွေသာ လုံလောက်အောင် မရခဲ့ရင် လူတွေ သေဆုံးကြမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံ ၄ နိုင်ငံက လူတွေဟာ ကမ္ဘာလုံးဆိုင်ရာ စုပေါင်း ကူညီမှုကိုသာ မရရင် တဖြည်းဖြည်း ငတ်သေကြမှာ ဖြစ်ပါတယ်လို့ သူက တင်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)