ထိုင်း TQM အာမခံ ဝန်ဆောင်မှု ကုမ္ပဏီ မြန်မာပြည်မှာ ရုံးခွဲ ဖွင့်မယ်

0
310

ထိုင်းနိုင်ငံ အခြေစိုက် TQM အာမခံ ဝန်ဆောင်မှု ကုမ္ပဏီဟာ CLMV လို့ ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် တို့မှာ ရုံးခွဲတွေ ဖွင့်ပြီး စီးပွားရေး တိုးချဲ့မှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနဲ့ လာအိုက ပထမဦးစားပေးဖြစ်ပြီး ၂၀၁၈ မှာ တိုးချဲ့မှာ ဖြစ်တယ်လို့ ဒေါက်တာ အန်ချာလင် ပွန်နစ်က မနေ့က မတ်လ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးပိုင် ကုမ္ပဏီဖြစ်တဲ့ TQM ကော်ပိုရိတ် ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကျပ်တည်းမှု အခြေအနေကြောင့် အန္တရာယ် များတဲ့ အတွက် ၂၀၁၈ ခုနှစ်အထိ ထိုင်းစတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)