အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲရဲ့ ငါးခုမြောက် ပြည်နယ်ရလဒ်ကို ဒီကနေ့ ကြေညာမယ်

0
336

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအတွက် ပြည်သူ့ထောက်ခံပွဲတစ်ခုလို့ သုံးသပ်သူအများအပြားက ရှုမြင်နေကြတဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲရဲ့ ငါးခုမြောက်ပြည်နယ် ရလဒ်ကို ဒီကနေ့ မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

ငါးခုမြောက်ပြည်နယ်က လူဦးရေအများပြားဆုံးနဲ့ နိုင်ငံရေးအရ အရေးပါအရာရောက်တဲ့ အူတာပရာဒက်ရှ်ပြည်နယ်ပဲ ဖြစ်ပါတယ်။
ဒေသခံအားကောင်းတဲ့ ပါတီနှစ်ခုနှစ်ခုဖြစ်တဲ့ ပြည်နယ်အာဏာရ ဆာမာဝါဒီပါတီနဲ့ ဘာဟုဂျန်ဆာ မာဂ်ျပါတီတို့ကို ဆန့်ကျင်ပြီး မစ္စတာမိုဒီရဲ့ ဘီဂျေပီပါတီက အားကောင်းတဲ့ မဲဆွယ်စည်းရုံးမှုလုပ်နိုင်ခဲ့ပါတယ်။

စစ်တမ်းတွေအရ ဘီဂျေပီတီက ကျိန်းသေပေါက် အနိုင်ရမယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း အရင်ကလည်း အဲဒီလိုစစ်တမ်း ဟောကိန်းတွေ မှားယွင်းခဲ့ဖူးပါတယ်။ ပါတီရွေးကောက်ပွဲဝင် မဟာဗျုဟာရဲ့ဗဟိုချက်က မစ္စတာမိုဒီပါပဲ။ သူက အကျင့်ပျက်ခြစားမှုကို အမြစ်ကနေလှန်ပြီး ဖွံ့ဖြိုးမှုနဲ့ ခေတ်မီတိုးတက်မှုတွေကို ယူဆောင်လာပေးမယ်လို့ မဲဆွယ်ကတိတွေ အခိုင်အမာပေးခဲ့ပါတယ်။

လူတန်းစား အမျိုးဇာတ်သတ်မှတ်ချက်၊ မိသားစုနဲ့ ဘာသာရေးဆိုင်ရာရှုပ်ထွေးမှုတွေ ကြီးမားပြီး ဆင်းရဲလှတဲ့ပြည်နယ်အတွက် မိုဒီရဲ့ကတိတွေက ဆွဲဆောင်မှုရှိတဲ့ကတိတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့မိုဒီရဲ့ ပြင်းထန်အားကောင်းတဲ့ အမျိုးသားရေးဝါဒနဲ့ ဟင်ဒူဗဟိုပြုနိုင်ငံရေးက လူတိုင်းကိုတော့ မဆွဲဆောင်နိုင်ပါဘူး။

ဒါ့အပြင် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့အတွက် တန်ဖိုးမြင့်ငွေကြေးတွေကို လေလံပွဲတွေမှာ အသုံးပြုခွင့်ပိတ်ပင်မှုကလည်း အငြင်းပွားဖွယ်ရာဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့စေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)