ဆေးလိပ်သောက်ခွင့်ရှိတဲ့ အသက်အရွယ်ကို ၂၁ နှစ်အဖြစ် စင်ကာပူ တိုးမြှင့် သတ်မှတ်မယ်

0
347

စင်ကာပူနိုင်ငံမှာ ဆေးလိပ်သောက်ခွင့်ရှိတဲ့ အသက်အရွယ် သတ်မှတ်ချက်ကို ၁၈ နှစ်ကနေ ၂၁ နှစ်ထိ တိုးမြှင့်မယ့်မယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန မတ်လ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ဆေးလိပ်သောက်ခွင့် အတွက် အသက်အရွယ် သတ်မှတ်ချက်ကို လွှတ်တော်ထဲမှာ တစ်နှစ်အတွင်း ဆွေးနွေးသွားမှာဖြစ်ပြီး နှစ်အနည်းငယ်အတွင်း ဥပဒေအနေနဲ့ ပြဌာန်းနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိဖြစ်သူ အေမီခေါ်က ဆိုပါတယ်။

ချွင်းချက်အနေနဲ့ ဥပဒေ မပြဌာန်းမီမှာ အသက် ၁၈ နှစ်နဲ့ အထက် ဆေးလိပ်သောက်နေသူတွေ အနေနဲ့ကတော လောလောဆယ် လွတ်ကင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူငယ်အများစုဟာ အသက် ၂၁ နှစ်မပြည့်သေးခင်မှာပဲ ဆေးလိပ်သောက်တဲ့ အကျင့်ကို ရရှိကြတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်မှ ဆေးလိပ်သောက်ခွင့်ရှိတဲ့ ဥပဒေကို ၁၉၉၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူအစိုးရဟာ ပြီးခဲ့တဲ့နှစ်က ပန်းခြံနဲ့ အပန်းဖြေနေရာပေါင်း ၄၀၀ ကျော်ကို ဆေးလိပ်ကင်းမဲ့ဇုန် အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ စင်ကာပူမှာ နေရာပေါင်း ၃၂၀၀၀ ကျော်ကို ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)