ဓားပြမှု ဗွီဒီယိုမှာပါနေတဲ့ သားဖြစ်သူကို မိခင်ကိုယ်တိုင် ရဲလက်အပ်

0
331

အမေရိကန်နိုင်ငံမှာ မိခင်တစ်ဦးဟာ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူရဲ့ဘ၀ ပြောင်းလဲစေဖို့အတွက် ရဲလက်ကို အပ်ခဲ့ပါတယ်။

ဓါးပြမှုတစ်ခုကို ထောက်လှန်းရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ သားဖြစ်သူကို တွေ့လိုက်ရတာကြောင့် မိခင်ဖြစ် သူဟာ ငိုကြွေးပြီး အသက် ၁၂နှစ်အရွယ်သားကို ရဲလက်အပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ လူငယ်ဟာ ၇ ဂရိတ်ကျောင်းသားတစ်ဦးဖြစ်ပြီး အခြားသံသယတရားခံနှစ်ဦးနဲ့အတူ ဒုက္ခိတလူတစ်ယောက် တစ်ဦးတည်းစားသောက်နေချိန်မှာ ၀ိုင်းပြီး အနုကြမ်းစီးခဲ့ကြတာဖြစ်ပါတယ်။

ပိုက်ဆံတောင်းတဲ့ လူငယ်လေးတွေကို အဲဒီဒုက္ခိတက တစ်ဒေါ်လာစီပေးခဲ့ပါတယ်။ ဒီနောက်မှာ အဲဒီလူရဲ့ပိုက်ဆံအိတ်ကို လုယူဖို့ သူတို့သုံးဦးက ကြိုးစားခဲ့ကြတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ရဲတပ်ဖွဲ့က အဆိုပါ မှတ်တမ်းဗွီဒီယိုဖိုင်ကို ပြည်သူတွေအကြား ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ နာမည် မဖော်ပြတဲ့အမျိုးသမီးက သူ့ရဲ့သားကိုမှတ်မိသွားခဲ့တာဖြစ်ပါတယ်။

ဘ၀ကို ကောင်းတဲ့ဘက်ပြောင်းလဲအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး အသက် ၁၂ နှစ်အရွယ်သား ဖြစ်သူကို ရဲစခန်းကို အပ်ခဲ့တာဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)