အိုဆာဆူနာကို နိုင်ပွဲမှာ စံချိန်တွေ ရယူနိုင်ခဲ့တဲ့ နည်းပြ ဇီဒန်းနဲ့ အသင်းခေါင်းဆောင် ရာမို့စ်

0
120

အိုဆာဆူနာ အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့အတွက် ရီးရဲမက်ဒရစ် အသင်းနည်းပြ ဇီဒန်းဟာ စံချိန်သစ်တွေ ထပ်မံရယူနိုင်ခဲ့ပါတယ်။

နည်းပြ ဇီဒန်းဟာ လာလီဂါပြိုင်ပွဲမှာ ပွဲပေါင်း ၈၈ ပွဲ အနိုင်ရခဲ့ရာ ရီးရဲမက်ဒရစ် နည်းပြအဖြစ် စပိန်လာလီဂါ ပြိုင်ပွဲမှာ နိုင်ပွဲအများဆုံး ရယူနိုင်တဲ့ နည်းပြတွေအဆင့် သုံးနေရာရှိနေတဲ့ နည်းပြဟောင်း မော်ရင်ဟိုရဲ့ နိုင်ပွဲစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်း သမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲအများဆုံး ရယူထားတဲ့ နည်းပြကတော့ ၁၉၆၀ နဲ့ ၁၉၇၄ ခုနှစ်အတွင်း တာဝန်ယူခဲ့တဲ့ နည်းပြဟောင်း မူနော့ဇ်နဲ့ အဲဘော့စကေးတို့ ဖြစ်ပါတယ်။ ပြင်သစ် ကစားသမားဟောင်း ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်း ကစားသမားအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိ ကစားခဲ့သလို ကစားသမားအဖြစ်မှ အနားယူချိန် ရီးရဲမက်ဒရစ်အသင်းမှာ နည်းပြဘဝ စတင်ခဲ့ပါတယ်။ 

ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်း နည်းပြအဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လာလီဂါ နိုင်ပွဲပေါင်း ၈၈ ပွဲရအောင် စွမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆာဆူနာကို အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ရီးရဲမက်ဒရစ်အတွက် ပွဲပေါင်း ၄၄၀ ပြည့် ကစားခဲ့ရာ ရီးရဲမက်ဒရစ် သမိုင်းတစ်လျှောက် ပွဲအများဆုံးက စားထားတဲ့ ကစားသမားတွေထဲ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။


(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)