ကမ္ဘောဒီယားက အလျှော့ပေးမှာ မဟုတ်ဘူးလို့ ဥရောပ သမဂ္ဂကို ရည်ညွှန်းပြီး ဝန်ကြီးချုပ်ပြော

0
122

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဥရောပ သမဂ္ဂက ကမ္ဘောဒီးယား နိုင်ငံအပေါ် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းဖို့ မဆုံးဖြတ်မီ တစ်ရက်အလိုမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ့နိုင်ငံဟာ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီယားဟာ ဥရောပ သမဂ္ဂနဲ့ လက်နက်မှတပါး တခြားကုန်ပစ္စည်းတွေ ကုန်သွယ်မှုနဲ့ အကျိုးအမြတ် ရရှိနေပြီး အခွန်ကင်းလွတ်ခွင့် ရရှိထားပါတယ်။ နိုင်ငံကို ၃၅ နှစ်ကြာအုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရက အတိုက်အခံ၊ NGO တွေနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂက ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ဝန်ကြီးချုပ် ဟွန်ဆန်က ဥရောပ သမဂ္ဂရဲ့ တောင်းဆိုချက်တွေကို အလျှော့ပေး လိုက်လျောမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကမ္ဘောဒီးယားရဲ့ လွပ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးကို အကာအကွယ်ပေးဖို့ ကမ္ဘောဒီးယား ပြည်သူတွေက ရပ်တည်ရမှာ ဖြစ်ကြောင်းနဲ့ ဘယ်သူ့ကိုမှ အလျှော့ပေးဖို့ မလိုကြောင်း မစ္စတာ ဟွန်ဆန်က ပြောပါတယ်။ 

ကမ်ဘောဒီယားက အလြှော့ပေးမှာ မဟုတျဘူးလို့ ဥရောပ သမဂ်ဂကို ရညျညှှနျးပွီး ဝနျကွီးခြုပျပွော

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)