အော်စကာ ဆုပေးပွဲသမိုင်းမှာ စံချိန်သစ် တင်သွားတဲ့ Parasite ရုပ်ရှင်

0
91

တောင်ကိုရီယား ရုပ်ရှင် “Parasite” ဟာ ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ သမိုင်းမှာ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၃ ဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ ပထမဦးဆုံး အင်္ဂလိပ် စကားပြော မဟုတ်တဲ့ရုပ်ရှင် ဖြစ်လာပါတယ်။

အော်စကာဆု သက်တမ်း ၉၁ နှစ်အတွင်း ဘယ်နိုင်ငံခြား ရုပ်ရှင်ကမှ ထိပ်တန်းဆုရတာ မရှိခဲ့ပါဘူး။ အဲဒီ ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချို့တဲ့စွာနေထိုင်ရတဲ့ အိမ်ထောင်စုတစ်စုက အထက်တန်းလွှာ မိသားစု တစ်စုကို လျှို့ဝှက်စွာ မှီခိုတွယ်ကပ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။


အော်စကာ ဆုပေးပွဲသမိုင်းမှာ စံချိန်သစ် တင်သွားတဲ့ Parasite ရုပ်ရှင် 

တောင်ကိုရီယား ရုပ်ရှင် “Parasite” ဟာ ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ သမိုင်းမှာ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၃ ဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ ပထမဦးဆုံး အင်္ဂလိပ် စကားပြော မဟုတ်တဲ့ရုပ်ရှင် ဖြစ်လာပါတယ်။ 

အော်စကာဆု သက်တမ်း ၉၁ နှစ်အတွင်း ဘယ်နိုင်ငံခြား ရုပ်ရှင်ကမှ ထိပ်တန်းဆုရတာ မရှိခဲ့ပါဘူး။ အဲဒီ ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချို့တဲ့စွာနေထိုင်ရတဲ့ အိမ်ထောင်စုတစ်စုက အထက်တန်းလွှာ မိသားစု တစ်စုကို လျှို့ဝှက်စွာ မှီခိုတွယ်ကပ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ 

အဲဒီဇာတ်ကားကို ဒါရိုက်တာ ဘွန်ဂျွန်ဟိုက ရိုက်ကူးခဲ့ပြီး တောင်ကိုရီယားနိုင်ငံရဲ့ လူနေမှု ကွာခြားတဲ့ အခြေအနေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ချီးမွမ်းခံခဲ့ရပါတယ်။ အဲဒီ ဇာတ်ကားဟာ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု နဲ့ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။