ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယားအစီစဥ္ကို ေနာက္ကြယ္ကေန တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္ အမ်ိဳးသမီးက ကူညီေနတယ္လို႔ ဆို

0
2146

တ႐ုတ္ႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးဟာ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ႏ်ဴကလီယား  အစီအစဥ္ကို ေနာက္ကြယ္ကေန ကူညီေထာက္ပံ့ေပးေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

မာ ေရွာက္ဟြန္ ဆိုတဲ့ အမ်ိဳးသမီးရဲ႕ ကုမၸဏီကုိလည္း အေမရိကန္ႏိုင္ငံက ပိတ္ဆို႔ အေရးယူမႈေတြ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။ အသက္ ၄၄ ႏွစ္ အရြယ္ရွိ အမ်ိဳးသမီးဟာ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈ အားလံုးရဲ႕ ၂၀ ရာခုိင္ႏႈန္းကို ေရာင္းခ်ေပးေနပါတယ္။   

လက္ရွိအခ်ိန္မွာ အဲဒီ တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္ရဲ႕ ကံၾကမၼာဟာ တ႐ုတ္ႏိုင္ငံက ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယား ရည္မွန္းခ်က္ကို ရပ္ဖုိ႔ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ဘယ္ေလာက္ လုပ္ေဆာင္ႏိုင္မလဲ ဆုိတဲ့ အခ်က္ကို စမ္းသပ္ဖြယ္ရွိေနတယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။   

အေမရိကန္ေရွ႕ေနေတြက ၂၀၁၆ ခုႏွစ္တည္းက ကုလသမဂၢရဲ႕ ပိတ္ဆုိ႔မႈေတြကို ေက်ာ္ႏုိင္ဖို႔ မာ ေရွာက္ဟြန္ရဲ႕ ကုမၸဏီက ေျမာက္ကိုရီးယားကုိ ကူညီေပးေနတယ္လို႔  စြပ္စြဲခဲ့ဖူးပါတယ္။ တ႐ုတ္ႏုိင္ငံဟာ မာ ေရွာက္ဟြန္ကို စံုစမ္းမႈေတြ လုပ္ခဲ့ေပမယ့္ တိက်တဲ့ သက္ေသမရွိဘဲ စြပ္စြဲမႈေတြသာ ျဖစ္တယ္လို႔ ျပန္တံု႔ျပန္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားရဲ့ နျူကလီယားအစီစဉ်ကို နောက်ကွယ်ကနေ တရုတ်စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးက ကူညီနေတယ်လို့ ဆို

တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယား အစီအစဉ်ကို နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မာ ရှောက်ဟွန် ဆိုတဲ့ အမျိုးသမီးရဲ့ ကုမ္ပဏီကိုလည်း အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အသက် ၄၄ နှစ် အရွယ်ရှိ အမျိုးသမီးဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှု အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကို ရောင်းချပေးနေပါတယ်။

လက်ရှိအချိန်မှာ အဲဒီ တရုတ်စီးပွားရေး လုပ်ငန်းရှင်ရဲ့ ကံကြမ္မာဟာ တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့ နျူကလီယား ရည်မှန်းချက်ကို ရပ်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ အချက်ကို စမ်းသပ်ဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အမေရိကန်ရှေ့နေတွေက ၂၀၁၆ ခုနှစ်တည်းက ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ကျော်နိုင်ဖို့ မာ ရှောက်ဟွန်ရဲ့ ကုမ္ပဏီက မြောက်ကိုရီးယားကို ကူညီပေးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံဟာ မာ ရှောက်ဟွန်ကို စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် တိကျတဲ့ သက်သေမရှိဘဲ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)