ထိုင္းမွာ မွတ္ပံုမတင္တဲ့ ေမာင္းသူမဲ့ ဒ႐ုန္း အသံုးျပဳသူေတြကို အေရးယူမယ္

0
2140

ထိုင္းႏိုင္ငံမွာ မွတ္ပံုတင္ထားျခင္း မရွိတဲ့ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ အသံုးျပဳသူေတြကို အျပစ္ေပး အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ထုိင္းအာဏာပိုင္ေတြက ေျပာပါတယ္။

မွတ္ပံုတင္မထားတဲ့ အသံုးျပဳသူေတြကို ေထာင္ဒဏ္ ၅ ႏွစ္ ဒါမွမဟုတ္ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၃ ေထာင္ ခ်မွတ္မွာ ျဖစ္ပါတယ္။ အဲဒီစည္းမ်ဥ္းစည္းကမ္းကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက ေၾကညာခဲ့ၿပီး အခုသီတင္းပတ္မွာ စတင္ အသက္ဝင္တာ ျဖစ္ပါတယ္။

အခုစည္းမ်ဥ္းေတြအရ စီးပြားေရးအတြက္ သာမက သိပၸံပညာနဲ႔ ပတ္သက္တဲ့ ေလ့လာမႈေတြမွာပါ မွတ္ပံုတင္မထားတဲ့ ေမာင္းသူမဲ့ ယာဥ္ေတြကို အသံုးျပဳသူေတြ အတြက္လည္း သက္ေရာက္မႈရွိမွာ ျဖစ္ပါတယ္။

ကစားစရာ ေမာင္းသူမဲ့ေလယာဥ္ေတြကလြဲၿပီး က်န္တဲ့ ေမာင္းသူမဲ့ေလယာဥ္ အမ်ိဳးအစား အားလံုး မွတ္ပံုတင္ရမွာ ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံမွာ ေလာေလာဆယ္ ေမာင္းသူမဲ့ ေလယာဥ္ ၈ ေထာင္နီးပါး မွတ္ပံုတင္ထားပါတယ္။
………………….. ။ ။ …………………..

ထိုင်းမှာ မှတ်ပုံမတင်တဲ့ မောင်းသူမဲ့ ဒရုန်း အသုံးပြုသူတွေကို အရေးယူမယ်

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် အသုံးပြုသူတွေကို အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မှတ်ပုံတင်မထားတဲ့ အသုံးပြုသူတွေကို ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃ ထောင် ချမှတ်မှာ ဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြေညာခဲ့ပြီး အခုသီတင်းပတ်မှာ စတင် အသက်ဝင်တာ ဖြစ်ပါတယ်။

အခုစည်းမျဉ်းတွေအရ စီးပွားရေးအတွက် သာမက သိပ္ပံပညာနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေမှာပါ မှတ်ပုံတင်မထားတဲ့ မောင်းသူမဲ့ ယာဉ်တွေကို အသုံးပြုသူတွေ အတွက်လည်း သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

ကစားစရာ မောင်းသူမဲ့လေယာဉ်တွေကလွဲပြီး ကျန်တဲ့ မောင်းသူမဲ့လေယာဉ် အမျိုးအစား အားလုံး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လောလောဆယ် မောင်းသူမဲ့ လေယာဉ် ၈ ထောင်နီးပါး မှတ်ပုံတင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)