ဆႏၵျပသူေတြကို ႏွိမ္နင္းမႈ အီရန္အေပၚ အေမရိကန္ ႏႈတ္ဆိတ္ေနမွာ မဟုတ္

0
330

အီရန္ႏိုင္ငံမွာ အစုိးရကို ဆန္႔က်င္ ဆႏၵျပသူေတြကို ဖမ္းဆီးေထာင္ခ်တာ၊ ထိန္းသိမ္းထားသူေတြထဲက တခ်ိဳ႕ကို သတ္ျဖတ္တာ၊ ညွဥ္းပမ္းႏွိပ္စက္တာေတြကို စိုးရိမ္မိၿပီး အီရန္အစိုးရရဲ႕ လုပ္ရပ္ေတြေတြကို ႏႈတ္ဆိတ္ေနမွာ မဟုတ္ဘူးလို႔ အေမရိကန္က ေျပာပါတယ္။

အီရန္ႏုိင္ငံဟာ သူ႔ႏိုင္ငံသားေတြကို အာဏာရွင္ဆန္ဆန္ က်ဴးလြန္ေနတာျဖစ္ၿပီး ႏုိင္ငံသားေတြရဲ႕ အေျခခံ အခြင့္ေရးကို ခ်ိဳးေဖာက္ေနတယ္လို႔ အိမ္ျဖဴေတာ္က ေျပာထားပါတယ္။ အီရန္ေခါင္းေဆာင္ေတြ အေနနဲ႔ ခိ်ဳးေဖာက္မႈနဲ႔ ပတ္သက္လုိ႔ တာဝန္ယူရမယ္လို႔ အေမရိကန္က ေျပာပါတယ္။

အီရန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက ဆႏၵျပမႈေတြ ျဖစ္ခဲ့ရာ အစိုးရက ဆႏၵျပသူေတြကို အၾကမ္းဖက္ အင္အားသံုး ႏွိပ္ကြပ္မႈေတြ လုပ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္းအီရန္ အစိုးရအေပၚ ဆန္႔က်င္ဆႏၵျပမႈေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။
………………… ။ ။ ………………

ဆန္ဒပြသူတွေကို နှိမ်နင်းမှု အီရန်အပေါ် အမေရိကန် နှုတ်ဆိတ်နေမှာ မဟုတ်

အီရန်နိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချတာ၊ ထိန်းသိမ်းထားသူတွေထဲက တချို့ကို သတ်ဖြတ်တာ၊ ညှဉ်းပမ်းနှိပ်စက်တာတွေကို စိုးရိမ်မိပြီး အီရန်အစိုးရရဲ့ လုပ်ရပ်တွေတွေကို နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောပါတယ်။

အီရန်နိုင်ငံဟာ သူ့နိုင်ငံသားတွေကို အာဏာရှင်ဆန်ဆန် ကျူးလွန်နေတာဖြစ်ပြီး နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်ရေးကို ချိုးဖောက်နေတယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။ အီရန်ခေါင်းဆောင်တွေ အနေနဲ့ ချိုးဖောက်မှုနဲ့ ပတ်သက်လို့ တာဝန်ယူရမယ်လို့ အမေရိကန်က ပြောပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရာ အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် အင်အားသုံး နှိပ်ကွပ်မှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်းအီရန် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)