လူ ၆၀ နီးပါးသတ္တဲ့ ႐ုရွားရဲအရာရွိေဟာင္း ေထာင္တစ္သက္တစ္ကြ်န္းက်

0
2055

႐ုရွားရဲအရာရွိေဟာင္း တစ္ဦးက လူ ၅၉ ဦးကို သတ္ျဖတ္ခဲ့တာေၾကာင့္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း ျပစ္ဒဏ္ခ်ခံရပါတယ္။

မီေခးလ္ ပိုေကာဗ့္ ဆုိတဲ့ ရဲအရာရွိေဟာင္းဟာ အမိ်ဳးသမီး ၂၂ ဦး အပါအဝင္ လူေပါင္း ၅၉ ဦးကို သတ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ပိုေေကာ့ဗ္ဟာ ၁၉၉၂ ခုႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္အတြင္း လူ ၅၉ ဦးကို သတ္ျဖတ္ခဲ့တာျဖစ္ၿပီး လူသတ္ဖို႔ႀကံစည္တာ၊ အဓမၼျပဳက်င့္တာေတြ အပါအဝင္ လူသတ္မႈေတြနဲ႔ စြဲခ်က္တင္ခံခဲ့ရပါတယ္။

အနာဂတ္မွာ ပိုေကာဗ့္ရဲ႕ လူသတ္မႈေတြ ထပ္မံ စစ္ေဆး ေပၚေပါက္လာမယ္ဆုိရင္ ႐ုရွားႏိုင္ငံ သမုိင္းမွာ လူအမ်ားဆံုး သတ္သူအျဖစ္ မွတ္တမ္းဝင္လာဖို႔ ရွိေနပါတယ္။ ပို႔ေကာဗ့္ဟာ အသက္ ၁၆ ႏွစ္ကေန အသက္ ၄၀ ႏွစ္ အတြင္းရွိ အမ်ိဳးသမီးေတြကို သတ္ခဲ့တာျဖစ္တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။

ပိုေကာဗ့္ဟာ ၁၉၉၈ ခုႏွစ္ စစ္တပ္က မဝင္ခင္ ေမြးရပ္ဇာတိၿမိဳ႕မွာ ရဲအရာရွိအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ၿပီး အဲဒီအခ်ိန္တည္းက လူေတြကို သတ္ျဖတ္ခဲ့တာျဖစ္ကာ သတ္ၿပီးတဲ့သူေတြကို ကားနဲ႔သယ္ၿပီး ညတြင္းခ်င္းည ေဖ်ာက္ဖ်က္ပစ္ခဲ့ပါတယ္။
……………………. ။ ။ ……………………

လူ ၆၀ နီးပါးသတ်တဲ့ ရုရှားရဲအရာရှိဟောင်း ထောင်တစ်သက်တစ်ကျွန်းကျ

ရုရှားရဲအရာရှိဟောင်း တစ်ဦးက လူ ၅၉ ဦးကို သတ်ဖြတ်ခဲ့တာကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခံရပါတယ်။

မီခေးလ် ပိုကောဗ့် ဆိုတဲ့ ရဲအရာရှိဟောင်းဟာ အမျိုးသမီး ၂၂ ဦး အပါအဝင် လူပေါင်း ၅၉ ဦးကို သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ပိုကော့ဗ်ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း လူ ၅၉ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး လူသတ်ဖို့ကြံစည်တာ၊ အဓမ္မပြုကျင့်တာတွေ အပါအဝင် လူသတ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

အနာဂတ်မှာ ပိုကောဗ့်ရဲ့ လူသတ်မှုတွေ ထပ်မံ စစ်ဆေး ပေါ်ပေါက်လာမယ်ဆိုရင် ရုရှားနိုင်ငံ သမိုင်းမှာ လူအများဆုံး သတ်သူအဖြစ် မှတ်တမ်းဝင်လာဖို့ ရှိနေပါတယ်။ ပို့ကောဗ့်ဟာ အသက် ၁၆ နှစ်ကနေ အသက် ၄၀ နှစ် အတွင်းရှိ အမျိုးသမီးတွေကို သတ်ခဲ့တာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ပိုကောဗ့်ဟာ ၁၉၉၈ ခုနှစ် စစ်တပ်က မဝင်ခင် မွေးရပ်ဇာတိမြို့မှာ ရဲအရာရှိအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အဲဒီအချိန်တည်းက လူတွေကို သတ်ဖြတ်ခဲ့တာဖြစ်ကာ သတ်ပြီးတဲ့သူတွေကို ကားနဲ့သယ်ပြီး ညတွင်းချင်းည ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)