ပါကစၥတန္မွာ မိန္းကေလး အဓမၼျပဳက်င့္ သတ္ျဖတ္ခံရမႈ ဆႏၵျပ၊ ၂ ဦးေသ

0
2054

ပါကစၥတန္ႏုိင္ငံမွာ အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့မႈနဲ႔ ပတ္သက္လို႔ ကာဆာျပည္နယ္မွာ မေန႔က ဇန္နဝါရီ ၁၀ ရက္က ဆႏၵျပမႈေတြျဖစ္ခဲ့ၿပီး လူ ၂ ဦးေသဆံုးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အသက္ ၈ ႏွစ္ အရြယ္မိန္းကေလးဟာ ေက်ာင္းသြားတက္ရင္း လမ္းမွာ ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကေလးငယ္ကို ေနအိမ္နဲ႔ မိုင္အေတာ္ေဝးတဲ့ ေနရာကေန ျပန္ေတြ႔ခဲ့ၿပီး ျပန္ေတြ႔ခ်ိန္မွာ ကေလးငယ္ဟာ ေသဆံုးတာ ၅ ရက္ေလာက္ ရွိေနၿပီလို႔ ရဲေတြက ေျပာပါတယ္။

ကာဆာၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ကေလးငယ္အမ်ားစု အသတ္ခံရမႈ၊ အဓမၼျပဳက်င္ခံရမႈေတြ ရွိခဲ့တာေၾကာင့္ ေသဆံုးမႈအေပၚ မေက်နပ္တဲ့သူေတြက ၿမိဳ႕က ကေလးေတြကို အကာကြယ္ေပးဖုိ႔ ရဲေတြကို ေတာင္းဆုိဆႏၵျပခဲ့တာ ျဖစ္ပါတယ္။
………………….. ။ ။ ………………….

ပါကစ္စတန်မှာ မိန်းကလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဆန္ဒပြ၊ ၂ ဦးသေ

ပါကစ္စတန်နိုင်ငံမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ ကာဆာပြည်နယ်မှာ မနေ့က ဇန်နဝါရီ ၁၀ ရက်က ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး လူ ၂ ဦးသေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၈ နှစ် အရွယ်မိန်းကလေးဟာ ကျောင်းသွားတက်ရင်း လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကလေးငယ်ကို နေအိမ်နဲ့ မိုင်အတော်ဝေးတဲ့ နေရာကနေ ပြန်တွေ့ခဲ့ပြီး ပြန်တွေ့ချိန်မှာ ကလေးငယ်ဟာ သေဆုံးတာ ၅ ရက်လောက် ရှိနေပြီလို့ ရဲတွေက ပြောပါတယ်။

ကာဆာမြို့မှာ ပြီးခဲ့တဲ့နှစ်ကလည်း ကလေးငယ်အများစု အသတ်ခံရမှု၊ အဓမ္မပြုကျင်ခံရမှုတွေ ရှိခဲ့တာကြောင့် သေဆုံးမှုအပေါ် မကျေနပ်တဲ့သူတွေက မြို့က ကလေးတွေကို အကာကွယ်ပေးဖို့ ရဲတွေကို တောင်းဆိုဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)