Facebook သုံးသူေတြ သတိျပဳရမယ့္ Malware တစ္မ်ိဳး

0
2090

ၿပီးခဲ့တဲ့ ရက္သတၱပတ္က ေဖ့စ္ဘုတ္ (Facebook) မက္ဆင္ဂ်ာမွာ ဗိုင္းရပ္စ္ ပ႐ိုဂရမ္တစ္မ်ိဳးျဖစ္တဲ့ Malware တစ္ခု စတင္ပ်ံ႕ႏွံ႔လာပါတယ္။

Malware ဟာ Black hacker ေတြ အသုုံးျပဳေလ့ရွိတဲ့ ပ႐ိုဂရမ္ အမ်ိဳးအစားျဖစ္ၿပီး ရည္ရြယ္ခ်က္ကေတာ့ ပုဂၢိဳလ္ေရးဆုိင္ရာ အခ်က္အလက္ေတြ၊ ေငြေၾကးနဲ႔ ပတ္သက္တဲ့ ဘဏ္ကတ္ နံပါတ္ လွိ်ဳ႕ဝွက္ကုတ္နံပါတ္လိုမ်ိဳး အခ်က္အလက္ေတြနဲ႔ အြန္လုုိင္း အေကာင့္ထဲက အခ်က္အလက္ေတြကုုိ ခုုိးယူေထာက္လွမ္းဖုုိ႔ ျဖန္႔ေဝထားတဲ့ ပ႐ိုဂရမ္ျဖစ္ပါတယ္။

မက္ဆင္ဂ်ာကေန “this video is yours ?” ဆုုိတ့ဲ ေခါင္းစီးနဲ႔ မက္ေဆ့ခ်္ ရခဲ့မယ္ဆုိရင္ မဖြင့္ဖုုိ႔နဲ႔ ဖြင့္မိရင္ ဒီ Malware က သင့္ေဖ့စ္ဘုတ္ထဲက ပုဂၢိဳလ္ေရးဆုုိင္ရာ အခ်က္အလက္ေတြနဲ႔ လွ်ိဳ႕ဝွက္ကုတ္နံပါတ္ကုိ ခုိးယူၿပီး သင့္အေကာင့္ကုိ သိမ္းပိုက္လုိက္မွာ ျဖစ္ပါတယ္။

ဒီ Malware ကုိ စတင္ေတြ႔ရွိတာကေတာ့ စင္ကာပူက ေဖ့စ္ဘုတ္သုံးသူေတြက ေဖ့ဘုတ္ကုိ Report တင္လုိ႔ သိရွိလာတာ ျဖစ္ပါတယ္။ အေကာင္းဆုုံး ကာကြယ္မႈကေတာ့ သင့္ေဖ့စ္ဘုတ္ရဲ႕ လုုံၿခဳံေရးကုိ တုိးျမွင့္ျခင္းျဖစ္ၿပီး Two factors authentication လုိ႔ေခၚတဲ့ Function ကုိ အသုုံးျပဳဖုိ႔ အုိင္တီကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Facebook သုံးသူတွေ သတိပြုရမယ့် Malware တစ်မျိုး

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖေ့စ်ဘုတ် (Facebook) မက်ဆင်ဂျာမှာ ဗိုင်းရပ်စ် ပရိုဂရမ်တစ်မျိုးဖြစ်တဲ့ Malware တစ်ခု စတင်ပျံ့နှံ့လာပါတယ်။

Malware ဟာ Black hacker တွေ အသုံးပြုလေ့ရှိတဲ့ ပရိုဂရမ် အမျိုးအစားဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ ငွေကြေးနဲ့ ပတ်သက်တဲ့ ဘဏ်ကတ် နံပါတ် လျှို့ဝှက်ကုတ်နံပါတ်လိုမျိုး အချက်အလက်တွေနဲ့ အွန်လိုင်း အကောင့်ထဲက အချက်အလက်တွေကို ခိုးယူထောက်လှမ်းဖို့ ဖြန့်ဝေထားတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။

မက်ဆင်ဂျာကနေ “this video is yours ?” ဆိုတဲ့ ခေါင်းစီးနဲ့ မက်ဆေ့ချ် ရခဲ့မယ်ဆိုရင် မဖွင့်ဖို့နဲ့ ဖွင့်မိရင် ဒီ Malware က သင့်ဖေ့စ်ဘုတ်ထဲက ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ လျှို့ဝှက်ကုတ်နံပါတ်ကို ခိုးယူပြီး သင့်အကောင့်ကို သိမ်းပိုက်လိုက်မှာ ဖြစ်ပါတယ်။

ဒီ Malware ကို စတင်တွေ့ရှိတာကတော့ စင်ကာပူက ဖေ့စ်ဘုတ်သုံးသူတွေက ဖေ့ဘုတ်ကို Report တင်လို့ သိရှိလာတာ ဖြစ်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုကတော့ သင့်ဖေ့စ်ဘုတ်ရဲ့ လုံခြုံရေးကို တိုးမြှင့်ခြင်းဖြစ်ပြီး Two factors authentication လို့ခေါ်တဲ့ Function ကို အသုံးပြုဖို့ အိုင်တီကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)