ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးဖို႔ အေမရိကန္ သမၼတ လမ္းဖြင့္ထား

0
309

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ဟာ အရင္တုန္းက ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမယ္ဆိုရင္ အခ်ိန္ ျဖဳန္းတီးသာ ျဖစ္တယ္လို႔ ဆုိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေဆြးေႏြးဖို႔ ဆႏၵရွိေနပါတယ္။   

ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယား ကုိယ္စားလွယ္ေတြဟာ ေဆာင္းရာသီ အုိလံပစ္ၿပိဳင္ပြဲမွာ ေျမာက္ကိုရီးယားႏုိင္ငံက ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ခဲ့ရာ တုိးတက္မႈေတြ ရွိခဲ့ၿပီးေနာက္ အေမရိကန္ သမၼတက ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးဖို႔ လိုလားေနတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမယ့္ အခ်ိန္ကို အတိအက် ေျပာတာ မရွိေပမယ့္ သင့္ေတာ္တဲ့ အခ်ိန္ေရာက္ရင္ ေဆြးေႏြးမယ္လို႔ အေမရိကန္ သမၼတက ေျပာထားပါတယ္။ သမၼတ ထရမ့္ဟာ ေျမာက္ကိုရီးယား အေရးနဲ႔ ပတ္သက္လုိ႔ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းနဲ႔လည္း ဖုန္းဆက္ေဆြးေႏြးတာေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အမေရိကန် သမ္မတ လမ်းဖွင့်ထား

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ အရင်တုန်းက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ်ဆိုရင် အချိန် ဖြုန်းတီးသာ ဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာ တိုးတက်မှုတွေ ရှိခဲ့ပြီးနောက် အမေရိကန် သမ္မတက မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ့် အချိန်ကို အတိအကျ ပြောတာ မရှိပေမယ့် သင့်တော်တဲ့ အချိန်ရောက်ရင် ဆွေးနွေးမယ်လို့ အမေရိကန် သမ္မတက ပြောထားပါတယ်။ သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့လည်း ဖုန်းဆက်ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)