
0
2080




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူး ဆန်ချက်ဇ်ကို အသင်းမှာသာ ဆက်ရှိစေလိုတယ်လို့ နည်းပြ ဝင်းဂါးပြော

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းရဲ့ အဓိတိုက်စစ်မှူး ဆန်ချက်ဇ်ကို အသင်းမှာသာ ဆက်ရှိစေလိုတယ်လို့ ပြောလိုက်ပါတယ်။

နည်းပြ ဝင်းဂါးက ဗုဒ္ဓဟူးနေ့မှာ ကစားတဲ့ ချဲလ်ဆီးနဲ့ ကာရာဘောင် ဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲမှာ ဆန်ချက်ဇ်ကို အရန်ခုံ ထိုင်ခိုင်းမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

ချီလီတိုက်စစ်မှူး ဆန်ချက်ဇ်ဟာ ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေရာ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပါတယ်။ ဆန်ချက်ဇ်ဟာ ချဲလ်ဆီးနဲ့ ကစားတဲ့ ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲမှာ ဒုတိယပိုင်းမှသာ ဝင်ရောက်ကစားခွင့် ရခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)