မေလးရွား ေပ်ာက္ဆံုး ေလယာဥ္ MH 370 ကို ရက္ေပါင္း ၉၀ အတြင္း အေမရိကန္ရွာမယ္

0
291

ပင္လယ္ၾကမ္းျပင္ေအာက္မွာ MH 370 ကို ရက္ေပါင္း ၉၀ ရွာေဖြေပးမယ္ဆုိရင္ အေမရိကန္ ေဒၚလာ သန္း ၇၀ ေပးမယ္လုိ႔ မေန႔က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ  မေလးရွားနဲ႔ အေမရိကန္ ရွာေဖြေရးကုမၸဏီတို႔ သေဘာတူ လက္မွတ္ေရးထုိးခဲ့ပါတယ္။

မေလးရွားေလေၾကာင္းလုိင္း MH370 ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ မတ္လက ကြာလာလမ္ပူကေန ေဘက်င္းကို အသြား အိႏိၵယ သမုဒၵရာထဲမွာ ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ ေလယာဥ္ေပၚမွာ ခရီးသည္ ၂၃၉ ဦး ပါရွိၿပီး  ၾသစေၾတးလ်၊ တ႐ုတ္နဲ႔ မေလးရွားတို႔က ရွာေဖြမႈကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွာ အဆံုးသတ္ခဲ့ပါတယ္။

ဟူစတန္ အေျခစိုက္ Ocean Infinity ကုမၸဏီက ရာသီဥတုေကာင္းႏိုင္တဲ့ လာမယ့္ တစ္ပတ္အတြင္း ရွာေဖြမႈေတြ လုပ္သြားမွာ ျဖစ္ပါတယ္။ သူတုိ႔ဟာ ပင္လယ္ၾကမ္းျပင္ေအာက္ကို စကန္ ဖတ္ႏို္င္တဲ့စက္ ၈ လံုးကို သယ္ေဆာင္လာခဲ့ပါတယ္။ အဲ့ဒီစက္ေတြဟာ အရင္ရွာေဖြမႈ ျပဳလုပ္ခဲ့ဖူးတဲ့ စက္ေတြထက္ ၄ ဆ ပုိျပီး ျမန္ျမန္ဆန္ဆန္ ရွာေဖြႏိုင္ပါတယ္။

စံုစမ္းစစ္ေဆးသူေတြက MH 370 ေလယာဥ္ဟာ ပ်ံသန္းေနရင္း အိႏိၵယ သမုဒၵရာရဲ႕ မုိင္ေထာင္ေပါင္းမ်ားစြာ အကြာကို လမ္းေၾကာင္း ေျပာင္းေရႊ႕သြားရတာဟာ ပေယာဂတစ္ခုခုေၾကာင့္လို႔ ယံုၾကည္ေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား ပျောက်ဆုံး လေယာဉ် MH 370 ကို ရက်ပေါင်း ၉၀ အတွင်း အမေရိကန်ရှာမယ်

ပင်လယ်ကြမ်းပြင်အောက်မှာ MH 370 ကို ရက်ပေါင်း ၉၀ ရှာဖွေပေးမယ်ဆိုရင် အမေရိကန် ဒေါ်လာ သန်း ၇၀ ပေးမယ်လို့ မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မလေးရှားနဲ့ အမေရိကန် ရှာဖွေရေးကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မလေးရှားလေကြောင်းလိုင်း MH370 ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေကျင်းကို အသွား အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦး ပါရှိပြီး သြစတြေးလျ၊ တရုတ်နဲ့ မလေးရှားတို့က ရှာဖွေမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အဆုံးသတ်ခဲ့ပါတယ်။

ဟူစတန် အခြေစိုက် Ocean Infinity ကုမ္ပဏီက ရာသီဥတုကောင်းနိုင်တဲ့ လာမယ့် တစ်ပတ်အတွင်း ရှာဖွေမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်ကြမ်းပြင်အောက်ကို စကန် ဖတ်နိ်ုင်တဲ့စက် ၈ လုံးကို သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီစက်တွေဟာ အရင်ရှာဖွေမှု ပြုလုပ်ခဲ့ဖူးတဲ့ စက်တွေထက် ၄ ဆ ပိုပြီး မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက MH 370 လေယာဉ်ဟာ ပျံသန်းနေရင်း အိန္ဒိယ သမုဒ္ဒရာရဲ့ မိုင်ထောင်ပေါင်းများစွာ အကွာကို လမ်းကြောင်း ပြောင်းရွှေ့သွားရတာဟာ ပယောဂတစ်ခုခုကြောင့်လို့ ယုံကြည်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)