ဖိလစ္ပုိင္အစိုးရတပ္ဖြဲ႔ေတြရဲ႕ထိုးစစ္ဆင္မႈအတြင္း စစ္ေသြးၾကြအမ်ားျပား ေသဆံုး

0
423

ဖိလစ္ပိုင္းႏုိင္ငံေတာင္ပိုင္းရွိ အစၥလာမ္မစ္သူပုန္ေတြကို ထုိးစစ္ဆင္တုိက္ခုိက္မႈေတြ မေန႔ကလုပ္ခဲ့ရာ အစၥလာမ္မစ္ စစ္ေသြးၾကြအဖြဲ႔၀င္အမ်ားအျပားကို သုတ္သင္ႏုိင္ခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရတာ၀န္ရွိသူေ တြက ေျပာပါတယ္။

ဖိလစ္ပိုင္အစိုးရတာ၀န္ရွိသူေတြဟာ ဖိလစ္ပိုင္ေတာင္ပိုင္း႐ွိ အစၥလာမ္စစ္ေသြးၾကြသူပုန္ေတြကို တုိက္ခုိက္ရာမွာ တုိက္ေလယာဥ္ေတြ နဲ႔ အေျမွာက္ၾကီးေတြရဲ႕ အကူအညီကိုရယူ တုိက္ခုိက္ခဲ့တာျဖစ္ၿပီး အဲဒီ တုိက္ခုိက္မႈအတြက္ အစၥာလာမ္စစ္ေသြးၾကြသူပုန္ေတြကို သုတ္သင္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အစၥာလာမ္စစ္ေသြးၾကြ ေခါင္းေဆာင္ေတြအပါ၀င္ စစ္ေသြးၾကြအမ်ားျပား ေသဆံုးသြားခဲ့ၿပီး ေသဆံုးခဲ့ သူေတြထဲမွာ ႏွစ္အတန္ၾကာအလုိရွိေနတဲ့ စင္ကာပူႏုိင္ငံသား စစ္ေသြးၾကြ ရာဟီမန္လည္းပါ၀င္ခဲ့တယ္လို႔ ဖိလစ္ပိုင္ စစ္ဗိုလ္ခ်ဳပ္တစ္ဦး ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုအတွင်း စစ်သွေးကြွအများပြား သေဆုံး

ဖိလစ်ပိုင်းနိုင်ငံတောင်ပိုင်းရှိ အစ္စလာမ်မစ်သူပုန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မနေ့ကလုပ်ခဲ့ရာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင်အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရတာဝန်ရှိသေူ တွက ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေဟာ ဖိလစ်ပိုင်တောင်ပိုင်းရှိ အစ္စလာမ်စစ်သွေးကြွသူပုန်တွေကို တိုက်ခိုက်ရာမှာ တိုက်လေယာဉ်တွေ နဲ့ အမြှောက်ကြီးတွေရဲ့ အကူအညီကိုရယူ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုအတွက် အစ္စာလာမ်စစ်သွေးကြွသူပုန်တွေကို သုတ်သင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အစ္စာလာမ်စစ်သွေးကြွ ခေါင်းဆောင်တွေအပါဝင် စစ်သွေးကြွအများပြား သေဆုံးသွားခဲ့ပြီး သေဆုံးခဲ့ သူတွေထဲမှာ နှစ်အတန်ကြာအလိုရှိနေတဲ့ စင်ကာပူနိုင်ငံသား စစ်သွေးကြွ ရာဟီမန်လည်းပါဝင်ခဲ့တယ်လို့ ဖိလစ်ပိုင် စစ်ဗိုလ်ချုပ်တစ်ဦး ပြောပါတယ်။