ဖိလစ္ပိုင္ သမၼတကေတာ္ေဟာင္း အီမယ္ဒါ မာကိုစ့္ ေထာင္ဒဏ္ ၄၂ ႏွစ္ ျပစ္ဒဏ္ေပးခံရ

0
709

ဖိလစ္ပိုင္ အက်င့္ပ်က္လာဘ္စားမႈ တုိက္ဖ်က္ေရးတရား႐ံုးက ဖိလစ္ပိုင္ သမၼတကေတာ္ေဟာင္း အီမယ္ဒါမာကိုစ့္ကို အက်င့္ပ်က္လာဘ္စားမႈေတြေၾကာင့္ ေထာင္ဒဏ္ ၄၂ ႏွစ္ ျပစ္ဒဏ္ေပးလိုက္ပါၿပီ။

သူတို႔ မိသားစုဟာ အေမရိကန္ေဒၚလာ ၆၅၈ သန္းကို အက်င့္ပ်က္ လာဘ္စားခဲ့မႈအျပင္ ဆြတ္ဇာလန္ဘဏ္မွာ ေငြေၾကး ဖံုးကြယ္အပ္ႏွံခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။

လာဘ္စားမႈ တုိက္ဖ်က္ေရးတရား႐ံုးက အီမယ္ဒါ မာကိုစ့္ကို စြဲခ်က္ ၇ ခု တင္ခဲ့ၿပီးေနာက္ ျပစ္ဒဏ္ေပးလုိက္တာလုိ႔ သတင္းေတြက ဆုိပါတယ္။

ဖိလစ္ပိုင္အစိုးရအဖြဲ႔က တရားေရးဆံုးျဖတ္ခ်က္ေတြကို ၾကားဝင္စြက္ဖက္ျခင္း၊ ဒါမွမဟုတ္ ၾသဇာလႊမ္းဖို႔ ႀကိဳးပမ္းမွာမဟုတ္ေၾကာင္း ဖိလစ္ပုိင္ သမၼတ ဒူတာေတး ေျပာေရးဆုိခြင့္ရွိသူ ဆယ္ဗာေဒါ ပါနီလိုက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် သမ္မတကတော်ဟောင်း အီမယ်ဒါ မာကိုစ့် ထောင်ဒဏ် ၄၂ နှစ် ပြစ်ဒဏ်ပေးခံရ

ဖိလစ်ပိုင် အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးတရားရုံးက ဖိလစ်ပိုင် သမ္မတကတော်ဟောင်း အီမယ်ဒါမာကိုစ့်ကို အကျင့်ပျက်လာဘ်စားမှုတွေကြောင့် ထောင်ဒဏ် ၄၂ နှစ် ပြစ်ဒဏ်ပေးလိုက်ပါပြီ။

သူတို့ မိသားစုဟာ အမေရိကန်ဒေါ်လာ ၆၅၈ သန်းကို အကျင့်ပျက် လာဘ်စားခဲ့မှုအပြင် ဆွတ်ဇာလန်ဘဏ်မှာ ငွေကြေး ဖုံးကွယ်အပ်နှံခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

လာဘ်စားမှု တိုက်ဖျက်ရေးတရားရုံးက အီမယ်ဒါ မာကိုစ့်ကို စွဲချက် ၇ ခု တင်ခဲ့ပြီးနောက် ပြစ်ဒဏ်ပေးလိုက်တာလို့ သတင်းတွေက ဆိုပါတယ်။

ဖိလစ်ပိုင်အစိုးရအဖွဲ့က တရားရေးဆုံးဖြတ်ချက်တွေကို ကြားဝင်စွက်ဖက်ခြင်း၊ ဒါမှမဟုတ် သြဇာလွှမ်းဖို့ ကြိုးပမ်းမှာမဟုတ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောရေးဆိုခွင့်ရှိသူ ဆယ်ဗာဒေါ ပါနီလိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)