
0
394




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာမခံငွေ လိုချင်လို့ စုံတွဲတစ်တွဲ အချင်းချင်း သေနတ်နဲ့ပစ်

အမေရိကန်၊ ဖလော်ရီဒါပြည်နယ်က စုံတွဲတစ်တွဲဟာ အာမခံငွေ လိုချင်တဲ့အတွက် တစ်ယောက်ကို တစ်ယောက် အယောင်ဆောင် ပစ်ခတ်မှု စွဲချက်အပြင် တခြားစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

လူနှစ်ယောက် သူတို့ အိမ်ထဲ ကျူးကျော် ဝင်ရောက်လာပြီး တေဇီရာရဲ့ ခြေထောက်နဲ့ ပယ်လ်တန်ရဲ့ လက်မောင်းကို သေနတ်နဲ့ ပစ်ခါ အမေရိကန်ဒေါ်လာ ၇ ထောင်ကို ဓားပြတိုက်သွားပါတယ်လို့ လင်ဆေး ပယ်လ်တန် (၃၆ နှစ်) နဲ့ ဒတ် တေဇီရာ (၃၅ နှစ်) တို့ တိုင်ကြားခဲ့ကြောင်း ရဲကဆိုပါတယ်။

တကယ်တော့ အာမခံကုမ္ပဏီကနေ အာမခံ လျော်ကြေးငွေ ရချင်တဲ့အတွက် တစ်ယောက်ကို တစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာ ဖြစ်ကြောင်း စစ်ဆေးသိရှိရတဲ့အတွက် အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)