
0
329

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား သမ္မတနဲ့ တရုတ် သမ္မတတို့ အိမ်ပြာတော်မှာ တွေ့မယ်

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မနက်ဖြန် နိုဝင်ဘာ ၁၁ ရက်နေ့မှာ အိမ်ပြာတော်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ တောင်ကိုရီးယားက ကြေညာပါတယ်

အမေရိကန်က တောင်ကိုရီးယားကို အကူအညီပေးထားတဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်ကြောင့် တောင်ကိုရီးယားနဲ့ တရုတ်အကြား တစ်နှစ်ကြာ အငြင်းပွားနေမှုပြီးနောက် အခုလို တွေ့ဆုံဖို့ ဖြစ်လာတာပါ။ အငြင်းပွားမှုကြောင့် တရုတ်က ကုန်ပစ္စည်း တင်သွင်းမှုကို ကန့်သတ်ခဲ့လို့ တရုတ် စားသုံးသူတွေအပေါ် မှီခိုနေတဲ့ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မှု ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ခေါင်းဆောင် နှစ်ဦးဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (အေပက်) ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)