႐ုရွားသမၼတနဲ႔ သီးျခား ေတြ႔ဆံုဖို႔ မရွိဘူးလို႔ အိမ္ျဖဴေတာ္ သတင္းထုတ္ျပန္

0
343

အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္း ေဆာင္ရြက္မႈ (ေအပက္) ေဆြးေႏြးပြဲတက္ေရာက္ဖို႔ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕ကို ေရာက္ေနတဲ့ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္နဲ႔ သမၼတ ေဒၚနယ္ ထရမ့္တို႔ ေဆြးေႏြးပြဲ ျပင္ပမွာ ေတြ႔ဆံုဖို႔ မရွိဘူးလို႔ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ပါတယ္။

ႏွစ္ဖက္စလံုးရဲ႕ အခ်ိန္ဇယားေတြဟာ တိုက္ေနတဲ့အတြက္ ေတြ႔ဆံုဖို႔ အေျခအေန မရွိတာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ ျပန္ၾကားေရး           အတြင္းေရးမႉး ဆာရာ ဆန္ဒါက ေျပာပါတယ္။ သူတို႔ တစ္ေနရာတည္းမွာ ေရာက္ေနလို႔ ေဆြးေႏြးပြဲမွာ ႏႈတ္ဆက္ေကာင္း ဆက္ပါလိမ့္မယ္၊ သီးျခားေတြ႔ဆံုဖို႔ေတာ့ မရွိပါဘူးလို႔ သူက ေျပာပါတယ္။

မႏွစ္က အေမရိကန္ ေရြးေကာက္ပြဲမွာ ႐ုရွားဟက္ကာေတြက ဝင္ေရာက္ ေႏွာက္ယွက္တယ္လို႔ စြပ္စြဲခ်က္ေတြ ထြက္လာၿပီးေနာက္ သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားသမ္မတနဲ့ သီးခြား တွေ့ဆုံဖို့ မရှိဘူးလို့ အိမ်ဖြူတော် သတင်းထုတ်ပြန်

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (အေပက်) ဆွေးနွေးပွဲတက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ကို ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သမ္မတ ဒေါ်နယ် ထရမ့်တို့ ဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံဖို့ မရှိဘူးလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

နှစ်ဖက်စလုံးရဲ့ အချိန်ဇယားတွေဟာ တိုက်နေတဲ့အတွက် တွေ့ဆုံဖို့ အခြေအနေ မရှိတာဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အတွင်းရေးမှူး ဆာရာ ဆန်ဒါက ပြောပါတယ်။ သူတို့ တစ်နေရာတည်းမှာ ရောက်နေလို့ ဆွေးနွေးပွဲမှာ နှုတ်ဆက်ကောင်း ဆက်ပါလိမ့်မယ်၊ သီးခြားတွေ့ဆုံဖို့တော့ မရှိပါဘူးလို့ သူက ပြောပါတယ်။

မနှစ်က အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေက ဝင်ရောက် နှောက်ယှက်တယ်လို့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)