ဒ႐ုန္းအသံုးျပဳၿပီး ပစၥည္းပို႔ ဝန္ေဆာင္မႈ တ႐ုတ္အြန္လိုင္း ကုမၸဏီ စတင္

0
349

တ႐ုတ္ JD.com ကုမၸဏီက စက္႐ုပ္ ဒ႐ုန္းေတြ အသံုးျပဳၿပီး ပစၥည္းပို႔ေဆာင္တဲ့ ဝန္ေဆာင္မႈကို စတင္လိုက္ၿပီး အနာဂတ္မွာ စာပို႔စက္႐ုပ္ေတြအျဖစ္လည္း အသံုးျပဳမွာ ျဖစ္ပါတယ္။

ဒ႐ုန္းရဲ႕ ၂၅ မိုင္ ပတ္လည္ကေန မွာယူသူေတြကို ပစၥည္းေပးပို႔ႏိုင္ပါတယ္။ အြန္လိုင္းကေန ေစ်းေရာင္းခ် ဝန္ေဆာင္မႈေတြလုပ္တဲ့ အလီဘာဘာ၊ JD.com နဲ႔ S.F. Express တို႔ကလည္း ဒ႐ုန္းအသံုးျပဳ ပို႔ေဆာင္မယ့္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ စလုပ္ေနပါၿပီ။ ကုမၸဏီေတြက ဒ႐ုန္းကို အသံုးျပဳၿပီး လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့ေဒသေတြအထိ ပို႔ေဆာင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ဒီကေန႔ ႏိုဝင္လဘာ ၁၁ ရက္ေန႔ဟာ တ႐ုတ္ႏိုင္ငံမွာ ႏွစ္စဥ္ အြန္လုိင္းဝယ္ယူေတြအတြက္ ေစ်းခ်ေပးတဲ့ ေန႔တစ္ေန႔ျဖစ္ၿပီး ပါဆယ္ထုတ္ေပါင္း ၁ ဒသမ ၅ သန္းကို မွာယူသူေတြဆီအေရာက္ ပုိ႔ေပးႏိုင္ဖို႔ ဒ႐ုန္းေတြကို စတင္အသံုးျပဳ စမ္းသပ္သြားမွာပါ။ ဒ႐ုန္းေတြကို လိုင္စင္လုပ္ခိုင္းၿပီး အစိုးရဘက္ကလည္း ထိန္းခ်ဳပ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒရုန်းအသုံးပြုပြီး ပစ္စည်းပို့ ဝန်ဆောင်မှု တရုတ်အွန်လိုင်း ကုမ္ပဏီ စတင်

တရုတ် JD.com ကုမ္ပဏီက စက်ရုပ် ဒရုန်းတွေ အသုံးပြုပြီး ပစ္စည်းပို့ဆောင်တဲ့ ဝန်ဆောင်မှုကို စတင်လိုက်ပြီး အနာဂတ်မှာ စာပို့စက်ရုပ်တွေအဖြစ်လည်း အသုံးပြုမှာ ဖြစ်ပါတယ်။

ဒရုန်းရဲ့ ၂၅ မိုင် ပတ်လည်ကနေ မှာယူသူတွေကို ပစ္စည်းပေးပို့နိုင်ပါတယ်။ အွန်လိုင်းကနေ ဈေးရောင်းချ ဝန်ဆောင်မှုတွေလုပ်တဲ့ အလီဘာဘာ၊ JD.com နဲ့ S.F. Express တို့ကလည်း ဒရုန်းအသုံးပြု ပို့ဆောင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်နေပါပြီ။ ကုမ္ပဏီတွေက ဒရုန်းကို အသုံးပြုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေအထိ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီကနေ့ နိုဝင်လဘာ ၁၁ ရက်နေ့ဟာ တရုတ်နိုင်ငံမှာ နှစ်စဉ် အွန်လိုင်းဝယ်ယူတွေအတွက် ဈေးချပေးတဲ့ နေ့တစ်နေ့ဖြစ်ပြီး ပါဆယ်ထုတ်ပေါင်း ၁ ဒသမ ၅ သန်းကို မှာယူသူတွေဆီအရောက် ပို့ပေးနိုင်ဖို့ ဒရုန်းတွေကို စတင်အသုံးပြု စမ်းသပ်သွားမှာပါ။ ဒရုန်းတွေကို လိုင်စင်လုပ်ခိုင်းပြီး အစိုးရဘက်ကလည်း ထိန်းချုပ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)