လူနာ ၁၀၀ ေလာက္ကို ေဆးထိုးသတ္တယ္လို႔ သူနာျပဳတစ္ဦးကို သံသယရွိ

0
292

ဂ်ာမန္ အမ်ိဳးသား သူနာျပဳတစ္ဦးဟာ သူအလုပ္လုပ္ခဲ့တဲ့ ေဆး႐ံု ႏွစ္႐ံု အနည္းဆံုး လူနာ ၁၀၀ ေလာက္ကို တမင္ ေဆးအလြန္အကြ်ံထိုးၿပီး သတ္ခဲ့တယ္လို႔ တရားစြဲဆိုသူေတြက ေျပာပါတယ္။

ငါသာလွ်င္ ႀကီးက်ယ္တဲ့ အတြဲလိုက္ လူသတ္သမားႀကီးေတြထဲက တကယ့္ စစ္စစ္တစ္ဦးျဖစ္တယ္လို႔ မိတ္ေဆြေတြကို ၾကြားခဲ့တဲ့ နီးလ္စ္ ဟိုဂယ္ဟာ အခု ႏွလံုးေဆးေတြထိုးၿပီး လူႏွစ္ဦးကို သတ္မႈနဲ႔ တစ္သက္တစ္ကြ်န္းက်ေနတာ ျဖစ္ပါတယ္။

ဂီလူရီတမယ္လ္လို႔ ေခၚတဲ့ ေဆးဟာ သတိလစ္ေနသူကို အသိျပန္လည္ေအာင္ လုပ္ႏိုင္တယ္လို႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို ၾကြားခ်င္တဲ့အတြက္ အဲဒီေဆးနဲ႔ လူနာေတြ အလြန္အကြ်ံထိုးရာက ေသဆံုးခဲ့ၾကပါတယ္။

သူဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း လူသတ္မႈ ႏွစ္ခု၊ လူသတ္ဖို႔ ႀကိဳးပမ္းမႈ ႏွစ္ခုနဲ႔ ျပင္းထန္စြာ ထိခိုက္နာက်င္ေစမႈ တစ္ခုကိုပဲ ဝန္ခံခဲ့ပါတယ္။

အခု အသက္ ၄၀ ရွိၿပီျဖစ္တဲ့ ဟိုဂယ္ဟာ ၁၉၉၉ ခုႏွစ္နဲ႔ ၂၀၀၅ ခုႏွစ္အတြင္း အိုလ္ဒင္ဘာ့ဂ္ ေဆး႐ံုမွာ လူနာ ၃၈ ဦး၊ ဒယ္လ္မန္ေဟာ့စ္ ေဆး႐ံုမွာ လူနာ ၆၂ ဦးကို သတ္ခဲ့တယ္လို႔ စြဲခ်က္ ထပ္တင္ခံေနရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူနာ ၁၀ဝ လောက်ကို ဆေးထိုးသတ်တယ်လို့ သူနာပြုတစ်ဦးကို သံသယရှိ

ဂျာမန် အမျိုးသား သူနာပြုတစ်ဦးဟာ သူအလုပ်လုပ်ခဲ့တဲ့ ဆေးရုံ နှစ်ရုံ အနည်းဆုံး လူနာ ၁၀ဝ လောက်ကို တမင် ဆေးအလွန်အကျွံထိုးပြီး သတ်ခဲ့တယ်လို့ တရားစွဲဆိုသူတွေက ပြောပါတယ်။

ငါသာလျှင် ကြီးကျယ်တဲ့ အတွဲလိုက် လူသတ်သမားကြီးတွေထဲက တကယ့် စစ်စစ်တစ်ဦးဖြစ်တယ်လို့ မိတ်ဆွေတွေကို ကြွားခဲ့တဲ့ နီးလ်စ် ဟိုဂယ်ဟာ အခု နှလုံးဆေးတွေထိုးပြီး လူနှစ်ဦးကို သတ်မှုနဲ့ တစ်သက်တစ်ကျွန်းကျနေတာ ဖြစ်ပါတယ်။
ဂီလူရီတမယ်လ်လို့ ခေါ်တဲ့ ဆေးဟာ သတိလစ်နေသူကို အသိပြန်လည်အောင် လုပ်နိုင်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေကို ကြွားချင်တဲ့အတွက် အဲဒီဆေးနဲ့ လူနာတွေ အလွန်အကျွံထိုးရာက သေဆုံးခဲ့ကြပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လူသတ်မှု နှစ်ခု၊ လူသတ်ဖို့ ကြိုးပမ်းမှု နှစ်ခုနဲ့ ပြင်းထန်စွာ ထိခိုက်နာကျင်စေမှု တစ်ခုကိုပဲ ဝန်ခံခဲ့ပါတယ်။

အခု အသက် ၄၀ ရှိပြီဖြစ်တဲ့ ဟိုဂယ်ဟာ ၁၉၉၉ ခုနှစ်နဲ့ ၂၀ဝ၅ ခုနှစ်အတွင်း အိုလ်ဒင်ဘာ့ဂ် ဆေးရုံမှာ လူနာ ၃၈ ဦး၊ ဒယ်လ်မန်ဟော့စ် ဆေးရုံမှာ လူနာ ၆၂ ဦးကို သတ်ခဲ့တယ်လို့ စွဲချက် ထပ်တင်ခံနေရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)