မာနပ္စ္ကြ်န္းက ခိုလံႈခြင့္ေတာင္းသူေတြကို ၾသစေၾတးလ် ပစ္ထားမႈ ကုလ အျပစ္တင္

0
328

ပါပူဝါ နယူးဂီနီရွိ မာနပ္စ္ကြ်န္းေပၚက ထိန္းသိမ္းေရး စခန္းမွာ ပို႔ထားတဲ့ ခိုလံႈခြင့္ေတာင္းသူေတြရဲ႕ ကံၾကမၼာနဲ႔ ပတ္သက္လို႔ ၾသစေၾတးလ်မွာ တာဝန္ရွိတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မတီက ေျပာပါတယ္။

ၾသစေၾတးလ် တာဝန္ရွိသူေတြ အေနနဲ႔ ဒုကၡသည္နဲ႔ ခိုလံႈခြင့္ ေတာင္းသူေတြရဲ႕ အခြင့္အေရးကို အသိအမွတ္ျပဳရမွာ ျဖစ္ၿပီး သူတို႔ကို ၾသစေၾတးလ်မွာ ျဖစ္ေစ၊ တျခားလံုၿခံဳတဲ့ ႏိုင္ငံေတြမွာ ျဖစ္ေစ အေျခခ်ေရး အာမခံခ်က္ ေပးရမယ္လို႔ လူ႔အခြင့္အေရး ေကာ္မတီရဲ႕ ႏိုဝင္ဘာ ၉ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသစေၾတးလ်မွာ ခိုလံႈခြင့္ေတာင္းဖို႔ ႀကိဳးပမ္းတဲ့ ေရႊ႕ေျပာင္းဝင္ေရာက္သူေတြကို ၾသစေၾတးလ်က မာနပ္စ္ကြ်န္းေပၚမွာ ထိန္းသိမ္းေရးစခန္းဖြင့္ၿပီး ထားထားတာ ျဖစ္ပါတယ္။ အဲဒီစခန္းကို ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ပိတ္သိမ္းလိုက္တဲ့အတြက္ ခိုလံႈခြင့္ေတာင္းသူ ၆၀၆ ေရာက္ စားနပ္ရိကၡာ ျပတ္လပ္ကာ ဒုကၡေရာက္ေနပါတယ္။

ပါပူဝါနယူးဂီနီ အာဏာပိုင္ေတြကလည္း အဲဒီ ခိုလံႈခြင့္ေတာင္းသူေတြကို အင္အားသံုး ေမာင္းထုတ္မယ္လို႔ ၿခိမ္းေျခာက္ေနပါတယ္။ ခုိလံႈခြင့္ေတာင္းသူဟာ အာဖဂန္နစၥတန္၊ အီရန္၊ သီရိလကၤာ၊ ဆူဒန္နဲ႔ ျမန္မာႏိုင္ငံတို႔က ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာနပ်စ်ကျွန်းက ခိုလှုံခွင့်တောင်းသူတွေကို သြစတြေးလျ ပစ်ထားမှု ကုလ အပြစ်တင်

ပါပူဝါ နယူးဂီနီရှိ မာနပ်စ်ကျွန်းပေါ်က ထိန်းသိမ်းရေး စခန်းမှာ ပို့ထားတဲ့ ခိုလှုံခွင့်တောင်းသူတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ သြစတြေးလျမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ပြောပါတယ်။

သြစတြေးလျ တာဝန်ရှိသူတွေ အနေနဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းသူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရမှာ ဖြစ်ပြီး သူတို့ကို သြစတြေးလျမှာ ဖြစ်စေ၊ တခြားလုံခြုံတဲ့ နိုင်ငံတွေမှာ ဖြစ်စေ အခြေချရေး အာမခံချက် ပေးရမယ်လို့ လူ့အခွင့်အရေး ကော်မတီရဲ့ နိုဝင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြစတြေးလျမှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို သြစတြေးလျက မာနပ်စ်ကျွန်းပေါ်မှာ ထိန်းသိမ်းရေးစခန်းဖွင့်ပြီး ထားထားတာ ဖြစ်ပါတယ်။ အဲဒီစခန်းကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ပိတ်သိမ်းလိုက်တဲ့အတွက် ခိုလှုံခွင့်တောင်းသူ ၆၀၆ ရောက် စားနပ်ရိက္ခာ ပြတ်လပ်ကာ ဒုက္ခရောက်နေပါတယ်။

ပါပူဝါနယူးဂီနီ အာဏာပိုင်တွေကလည်း အဲဒီ ခိုလှုံခွင့်တောင်းသူတွေကို အင်အားသုံး မောင်းထုတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ ခိုလှုံခွင့်တောင်းသူဟာ အာဖဂန်နစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဆူဒန်နဲ့ မြန်မာနိုင်ငံတို့က ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)