လူ႔အခြင့္အေရး ကမာၻ႔ထိပ္သီးညီလာခံ လာေရာက္ က်င္းပဖို႔ သမၼတ ဒူတာေတး ကမ္းလွမ္း

0
382

မူးယစ္ေဆး တိုက္ဖ်က္ေရး စစ္ပြဲေၾကာင့္ ႏိုင္ငံတကာရဲ႕ ေဝဖန္မႈကို ခံေနရတဲ့ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက လူ႔အခြင့္အေရးဆိုင္ရာ ကမာၻ႔ထိပ္သီးညီလာခံကို ဖိလစ္ပိုင္မွာ လာေရာက္က်င္းပဖို႔ ကမ္းလွမ္းလိုက္ပါတယ္။

အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္း ေဆာင္ရြက္မႈ (ေအပက္) ေဆြးေႏြးပြဲအတြက္ ဗီယက္နမ္ကို ေရာက္ရွိေနတဲ့ သမၼတ ဒူတာေတးက ထိပ္သီးညီလာခံဟာ ဖိလစ္ပိုင္မွာ ျဖစ္ေနတဲ့ လူ႔အခြင့္အေရး ကိစၥသာမကဘဲ ကမာၻနဲ႔ခ်ီ ျဖစ္ေနတာေတြကို အေလးထား ေဆြးေႏြးသင့္တယ္လို႔ ေျပာပါတယ္။

မူးယစ္ေဆး သံုးစြဲသူနဲ႔ ေရာင္းဝယ္သူလို႔ သံသယရွိသူ ၃၉၀၀ ေသဆံုးခဲ့တဲ့ သမၼတ ဒူတာေတးရဲ႕ မူးယစ္ေဆး တိုက္ဖ်က္ေရး စစ္ပြဲကို အေနာက္ႏိုင္ငံေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေဝဖန္ေနၾကပါတယ္။ ရဲေတြကေတာ့ သံသယ ရွိသူေတြက အသာတၾကည္ အဖမ္းမခံဘဲ လက္နက္ကိုင္ေဆာင္ထားတဲ့ အတြက္ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ ပစ္သတ္ရတာ ျဖစ္တယ္လို႔ အေၾကာင္းျပပါတယ္။
………………….. ။ ။ …………………….

လူ့အခွင့်အရေး ကမ္ဘာ့ထိပ်သီးညီလာခံ လာရောက် ကျင်းပဖို့ သမ္မတ ဒူတာတေး ကမ်းလှမ်း

မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးညီလာခံကို ဖိလစ်ပိုင်မှာ လာရောက်ကျင်းပဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (အေပက်) ဆွေးနွေးပွဲအတွက် ဗီယက်နမ်ကို ရောက်ရှိနေတဲ့ သမ္မတ ဒူတာတေးက ထိပ်သီးညီလာခံဟာ ဖိလစ်ပိုင်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ကိစ္စသာမကဘဲ ကမ္ဘာနဲ့ချီ ဖြစ်နေတာတွေကို အလေးထား ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းဝယ်သူလို့ သံသယရှိသူ ၃၉၀ဝ သေဆုံးခဲ့တဲ့ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲကို အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ရဲတွေကတော့ သံသယ ရှိသူတွေက အသာတကြည် အဖမ်းမခံဘဲ လက်နက်ကိုင်ဆောင်ထားတဲ့ အတွက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပစ်သတ်ရတာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)