ပိတ္ဆို႔အေရးယူမႈေၾကာင့္ ေျမာက္ကိုရီးယား အထိနာေနၿပီလို႔ အေမရိကန္ ေျပာ

0
336

ပိတ္ဆို႔အေရးယူမႈ အခ်ိန္ရလာတဲ့အမွ် ေျမာက္ကိုရီးယားဟာ စီးပြားေရး အက်ပ္အတည္းဆိုက္လာတဲ့ လကၡဏာေတြ ျပေနၿပီျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ရက္ဇ္ တီလာဆန္က ေျပာလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ မေန႔က ႏိုဝင္ဘာ ၉ ရက္ေန႔မွာ ဝန္ႀကီး တီလာဆန္က သတင္းေထာက္ေတြကို ေျပာဆိုတာ ျဖစ္ပါတယ္။ ပိတ္ဆို႔အေရးယူမႈေတြဟာ ကင္ဂ်ံဳအန္ အစိုးရကို ျပႆနာေပးေနေစၿပီ ျဖစ္တယ္လို႔ ေစာင့္ၾကည့္ေနတဲ့ တ႐ုတ္ႏိုင္ငံက ေျပာေၾကာင္း ဝန္ႀကီး တီလာဆန္က ဆိုပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ ေထာက္လွမ္းေရးေတြကေရာ၊ သတင္းရင္းျမစ္ေတြကပါ ဒီကိစၥကို ေျပာၾကပါတယ္၊ ေျမာက္ကိုရီးယား စီးပြားေရး၊ ေျမာက္ကိုရီးယား ႏိုင္ငံသားတခ်ိဳ႕၊ ေျမာက္ကိုရီးယား စစ္တပ္ေတာင္ ပိတ္ဆို႔အေရးယူမႈ ဒဏ္ကို စၿပီး ခံစားေနရၿပီလို႔ ဝန္ႀကီး တီလာဆန္က ေျပာပါတယ္။
………………….. ။ ။ ……………………
ပိတ်ဆို့အရေးယူမှုကြောင့် မြောက်ကိုရီးယား အထိနာနေပြီလို့ အမေရိကန် ပြော

ပိတ်ဆို့အရေးယူမှု အချိန်ရလာတဲ့အမျှ မြောက်ကိုရီးယားဟာ စီးပွားရေး အကျပ်အတည်းဆိုက်လာတဲ့ လက္ခဏာတွေ ပြနေပြီဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တီလာဆန်က ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီး တီလာဆန်က သတင်းထောက်တွေကို ပြောဆိုတာ ဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ ကင်ဂျုံအန် အစိုးရကို ပြဿနာပေးနေစေပြီ ဖြစ်တယ်လို့ စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံက ပြောကြောင်း ဝန်ကြီး တီလာဆန်က ဆိုပါတယ်။

ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးတွေကရော၊ သတင်းရင်းမြစ်တွေကပါ ဒီကိစ္စကို ပြောကြပါတယ်၊ မြောက်ကိုရီးယား စီးပွားရေး၊ မြောက်ကိုရီးယား နိုင်ငံသားတချို့၊ မြောက်ကိုရီးယား စစ်တပ်တောင် ပိတ်ဆို့အရေးယူမှု ဒဏ်ကို စပြီး ခံစားနေရပြီလို့ ဝန်ကြီး တီလာဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)