႐ုပ္သံ ဂ်ာနယ္လစ္ အသတ္ခံရမႈ သံသယရွိသူကို ဂ်ာမနီမွာ ဖမ္းဆီး

0
853

ဘူလ္ေဂးရီးယား အမ်ိဳးသမီး ႐ုပ္သံဂ်ာနယ္လစ္ ဗစ္တိုးရီးယားမာရီႏိုဗာကို အဓမၼျပဳက်င့္ သတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး ဘူလ္ေဂးရီးယား အမ်ိဳးသားတစ္ဦးကို ဂ်ာမနီႏိုင္ငံမွာ ဖမ္းဆီးလိုက္ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

သံသယရွိသူကို ေအာက္တိုဘာ ၉ ရက္ေန႔မွာ ဘူလ္ေဂးရီးယားအစိုးရရဲ႕ ေတာင္းဆိုခ်က္နဲ႔ ဖမ္းဆီးေပးလိုက္တာ ျဖစ္ေၾကာင္းနဲ႔ ဂ်ာမနီကေန လႊဲေျပာင္းေပးမွာကို ေစာင့္ေနေၾကာင္း ဘူလ္ေဂးရီးယား ျပည္ထဲေရးဝန္ႀကီး မလာဒင္ မာရီေနာ့ဗ္က ေျပာပါတယ္။

မစၥမာရီႏိုဗာ (၃၀ ႏွစ္)ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၈ ရက္ေန႔မွာ အဓမၼျပဳက်င့္ၿပီး ႐ိုက္ႏွက္ သတ္ျဖတ္ခံထားရတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ မစၥဗာရီႏိုဗာဟာ ဥေရာပသမဂၢ ရန္ပံုေငြ အလြဲသံုးစားမႈ အပါအဝင္ သတင္းစံုစမ္းေဖာ္ထုတ္ေရးသားၿပီး ႐ုပ္သံက ထုတ္လႊင့္တာေတြကို လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်သံ ဂျာနယ်လစ် အသတ်ခံရမှု သံသယရှိသူကို ဂျာမနီမှာ ဖမ်းဆီး

ဘူလ်ဂေးရီးယား အမျိုးသမီး ရုပ်သံဂျာနယ်လစ် ဗစ်တိုးရီးယား မာရီနိုဗာကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဘူလ်ဂေးရီးယား အမျိုးသားတစ်ဦးကို ဂျာမနီနိုင်ငံမှာ ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သံသယရှိသူကို အောက်တိုဘာ ၉ ရက်နေ့မှာ ဘူလ်ဂေးရီးယားအစိုးရရဲ့ တောင်းဆိုချက်နဲ့ ဖမ်းဆီးပေးလိုက်တာ ဖြစ်ကြောင်းနဲ့ ဂျာမနီကနေ လွှဲပြောင်းပေးမှာကို စောင့်နေကြောင်း ဘူလ်ဂေးရီးယား ပြည်ထဲရေးဝန်ကြီး မလာဒင် မာရီနော့ဗ်က ပြောပါတယ်။

မစ္စမာရီနိုဗာ (၃၀ နှစ်)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ အဓမ္မပြုကျင့်ပြီး ရိုက်နှက် သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ကြပါတယ်။ မစ္စဗာရီနိုဗာဟာ ဥရောပသမဂ္ဂ ရန်ပုံငွေ အလွဲသုံးစားမှု အပါအဝင် သတင်းစုံစမ်းဖော်ထုတ်ရေးသားပြီး ရုပ်သံက ထုတ်လွှင့်တာတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)