ဖေလာ္ရီဒါျပည္နယ္ကို အင္အားျပင္း မုန္တုိင္းတိုက္

0
788

အင္အားျပင္း ဟာရီကိန္းမုန္တုိင္း မစ္ခ်ယ္ဟာ အေမရိကန္ေတာင္ပိုင္း ဖေလာ္ရီဒါျပည္နယ္ ကုန္တြင္းပိုင္းကို ဒီေန႔ ေအာက္တိုဘာ ၁၀ ရက္မွာ စတင္တုိက္ခုိက္ေနလို႔ သိန္းနဲ႔ခ်ီတဲ့ လူေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းထားရပါတယ္။

ဟာရီကိန္းမုန္တုိင္းဟာ တနာရီ ၁၂၅ မုိင္ႏႈန္းနဲ႔ တုိက္ခတ္ေနၿပီး အင္အားပိုေကာင္းလာဖြယ္ ရွိပါတယ္။ လက္ရွိမွာ ဖေလာ္ရီဒါျပည္နယ္ အတြင္းရွိ လူေပါင္း ၅ သိန္းခန္႔ကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းၾကဖုိ႔ အေမရိကန္ တာဝန္ရွိသူေတြက အမိန္႔ေပးထားပါတယ္။

မုန္တုိင္းေၾကာင့္ ဖေလာ္ရီဒါျပည္နယ္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ အယ္လ္ဘာမားျပည္နယ္တုိ႔မွာ အေရးအေပၚ အေျခအေန ထုတ္ျပန္ထားရပါတယ္။ မုန္တုိင္းေၾကာင့္ ဗဟိုအေမရိက ေသဆံုးသူ ၁၃ ဦး အထိ ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါပြည်နယ်ကို အင်အားပြင်း မုန်တိုင်းတိုက်

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မစ်ချယ်ဟာ အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကုန်တွင်းပိုင်းကို မနေ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်နေလို့ လူအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

ဟာရီကိန်းမုန်တိုင်းဟာ တနာရီ ၁၂၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး အင်အားပိုကောင်းလာဖွယ် ရှိပါတယ်။ လက်ရှိမှာ ဖလော်ရီဒါပြည်နယ် အတွင်းရှိ လူပေါင်း ၃ သိန်း ၇ သောင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမေရိကန် တာဝန်ရှိသူတွေက အမိန့်ပေးထားပါတယ်။

မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ အယ်လ်ဘာမားပြည်နယ်တို့မှာ အရေးအပေါ် အခြေအနေ ထုတ်ပြန်ထားရပါတယ်။ မုန်တိုင်းကြောင့် ဗဟိုအမေရိက သေဆုံးသူ ၁၃ ဦး အထိ ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)