ထိုင္းေရြးေကာက္ပြဲ ၂၀၁၈ ႏိုဝင္ဘာမွာ က်င္းပမယ္

0
347

ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အုိခ်ာက အေထြေထြေရြးေကာက္ပြဲကို ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလမွာ က်င္းပမယ္လို႔ အတည္ျပဳလုိက္ပါတယ္။

အဲဒီေရြးေကာက္ပြဲဟာ အာဏာသိမ္း အစိုးရျဖစ္တဲ့ ခ်န္အိုခ်ာ ဦးေဆာင္တဲ့ လက္ထက္မွာ ပထမဆံုး က်င္းပမယ့္ ေရြးေကာက္ပြဲျဖစ္ပါတယ္။ ထိုင္းအစိုးရအေနနဲ႔ အာဏာသိမ္းခဲ့တဲ့ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း အဏာ ပိုမုိသက္တမ္းရွည္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲမႈေတြ ခံေနရပါတယ္။

လက္ရွိအခ်ိန္မွာ ရက္ အတိအက်ကို မေၾကညာေသးဘဲ လာမယ့္ႏွစ္ ဇြန္လမွသာ ရက္ အတိအက် ေၾကညာသြားမယ္လို႔ ခ်န္အုိခ်ာက ေျပာပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ ေရြးေကာက္ပြဲက်င္းပမယ့္အခ်ိန္ကို အတည္ျပဳခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>

ထိုင်းရွေးကောက်ပွဲ ၂၀၁၈ နိုဝင်ဘာမှာ ကျင်းပမယ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲဒီရွေးကောက်ပွဲဟာ အာဏာသိမ်း အစိုးရဖြစ်တဲ့ ချန်အိုချာ ဦးဆောင်တဲ့ လက်ထက်မှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အဏာ ပိုမိုသက်တမ်းရှည်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲမှုတွေ ခံနေရပါတယ်။

လက်ရှိအချိန်မှာ ရက် အတိအကျကို မကြေညာသေးဘဲ လာမယ့်နှစ် ဇွန်လမှသာ ရက် အတိအကျ ကြေညာသွားမယ်လို့ ချန်အိုချာက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့ပြီးနောက် ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)