ဒုကၡသည္အေရအတြက္ ေလွ်ာ့ဖို႔ ဂ်ာမန္ အဓိပတိ မာကယ္လ္ သေဘာတူ

0
361

ဂ်ာမန္ အဓိပတိ အိန္ဂ်လာ မာကယ္လ္က ညြန္႔ေပါင္းအစိုးရအဖြဲ႔ ဖြဲ႔စည္းခ်ိန္မွာ အတုိက္ခံ ကြန္ဆာေဗးတစ္ ပါတီေတြနဲ႔ မဟာမိတ္ျဖစ္ေစႏိုင္ဖို႔ ဒုကၡသည္ေတြကို ႏုိင္ငံထဲကို ဝင္ခြင့္ေပးတာ ကန္႔သတ္သြားမယ္လု႔ိ ေျပာပါတယ္။

ဂ်ာမနီႏိုင္ငံထဲကို ၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၆ ခုႏွစ္ အတြင္း ဒုကၡသည္ ၁ သန္းေက်ာ္ ဝင္ေရာက္ခဲ့ေပမယ့္ အဲဒီ မူဝါဒကို ျပန္သံုးသပ္ၿပီး တစ္ႏွစ္ကို ဒုကၡသည္ ၂ သိန္းသာ လက္ခံဖြယ္ရွိေနပါတယ္။ ဂ်ာမနီႏိုင္ငံကို ဆီးရီယားနဲ႔ အာဖရိက ေျမာက္ပိုင္းတုိ႔က အမ်ားဆံုးဝင္ေရာက္လာေလ့ ရွိပါတယ္။

မာကယ္လ္က ဒုကၡသည္ေတြ ကန္႔သတ္ေရးကို အရင္က ျငင္းဆန္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့လက က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ ကြန္ဆာေဗးတစ္ပါတီေတြ အႏိုင္ရၿပီးေနာက္ အေနအထားကို အေျပာင္းအလဲ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ကြန္ဆာေဗးတစ္ ပါတီေတြဟာ ႏုိင္ငံထဲကို ဒုကၡသည္ေတြကို ဝင္ေရာက္တာကို ကန္႔ကြက္တားျမစ္မႈေတြ ရွိေနခဲ့တာေၾကာင့္ အစိုးရ ဖြဲ႔စည္းခ်ိန္မွာ အဆင္ေျပေစဖုိ႔ ဒုကၡသည္ေတြကို ကန္႔သတ္မႈေတြလုပ္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်အရေအတွက် လျှော့ဖို့ ဂျာမန် အဓိပတိ မာကယ်လ် သဘောတူ

ဂျာမန် အဓိပတိ အိန်ဂျလာ မာကယ်လ်က ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းချိန်မှာ အတိုက်ခံ ကွန်ဆာဗေးတစ် ပါတီတွေနဲ့ မဟာမိတ်ဖြစ်စေနိုင်ဖို့ ဒုက္ခသည်တွေကို နိုင်ငံထဲကို ဝင်ခွင့်ပေးတာ ကန့်သတ်သွားမယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံထဲကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် အတွင်း ဒုက္ခသည် ၁ သန်းကျော် ဝင်ရောက်ခဲ့ပေမယ့် အဲဒီ မူဝါဒကို ပြန်သုံးသပ်ပြီး တစ်နှစ်ကို ဒုက္ခသည် ၂ သိန်းသာ လက်ခံဖွယ်ရှိနေပါတယ်။ ဂျာမနီနိုင်ငံကို ဆီးရီယားနဲ့ အာဖရိက မြောက်ပိုင်းတို့က အများဆုံးဝင်ရောက်လာလေ့ ရှိပါတယ်။

မာကယ်လ်က ဒုက္ခသည်တွေ ကန့်သတ်ရေးကို အရင်က ငြင်းဆန်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီတွေ အနိုင်ရပြီးနောက် အနေအထားကို အပြောင်းအလဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကွန်ဆာဗေးတစ် ပါတီတွေဟာ နိုင်ငံထဲကို ဒုက္ခသည်တွေကို ဝင်ရောက်တာကို ကန့်ကွက်တားမြစ်မှုတွေ ရှိနေခဲ့တာကြောင့် အစိုးရ ဖွဲ့စည်းချိန်မှာ အဆင်ပြေစေဖို့ ဒုက္ခသည်တွေကို ကန့်သတ်မှုတွေလုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)