
0
381





>>>>>>>>>>>>>>>>>>

ခွဲစိတ်ပြုပြင်ပြီးနောက် ပတ်စ်ပို့ထဲကပုံနဲ့ မတူလို့ အမျိုးသမီးတွေ တရုတ်နိုင်ငံ ပြန်လို့ မရ

တောင်ကိုရီးယားမှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်ပြီးနောက် တရုတ်နိုင်ငံကို ပြန်မယ့် အမျိုးသမီး ၃ ဦးဟာ နိုင်ငံကူးလက်မှတ်ထဲက ဓာတ်ပုံနဲ့ မတူတော့တဲ့အတွက် နိုင်ငံကို ပြန်ဖို့အခက်တွေ့နေပါတယ်။

တရုတ်အမျိုးသမီး ၃ ဦး ခွဲစိတ်ပြီးကာစ ယောင်ယမ်းနေတဲ့ မျက်နှာတွေနဲ့ ဦးခေါင်းက ပတ်တီးတွေကြောင့် တောင်ကိုရီးယားလေဆိပ်မှာ တားမြစ်ခံရတာ ဖြစ်ပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဆိုတာ သေချာအောင် အတည်ပြုချက်လိုတဲ့အတွက် လေဆိပ်ထဲမှာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ တရုတ်သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

အမည်ဖော်ပြခြင်း မရှိတဲ့ အမျိုးသမီး ၃ ဦးပုံကို သတင်းတင်ဆက်သူ တရုတ်အမျိုးသမီးတစ်ဦးက လူမှုကွန်ရက် မီဒီယာမှာ အောက်တိုဘာ ၈ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ပလတ်စတစ် ဆာဂျရီပြုလုပ်ဖို့ တရုတ် အမျိုးသမီး ၉၉၀ဝ၀ နီးပါး မျက်နှာ ခွဲစိတ် ပြုပြင်ဖို့ တောင်ကိုရီးယားနိုင်ငံဆီကို လာရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)