နမီးဘီးယားမွာ ကူးစက္ေရာဂါေၾကာင့္ ေရျမင္း ၁၀၉ ေကာင္ ေသဆံုး

0
344

အာဖရိက ေတာင္ပုိင္း နမီးဘီးယားႏိုင္ငံမွာ ကူးစက္ ေထာင့္သန္း ေရာဂါေၾကာင့္ ေရျမင္း အေကာင္ေရ ၁၀၀ ေက်ာ္ ေသဆံုးခဲ့ပါတယ္။

ဘြာဘြာတာ အမ်ိဳးသား ဥယ်ာဥ္ အတြင္းမွာ ေသဆံုးေနတဲ့ ေရျမင္း ၁၀၉ ေကာင္ ေတြ႔ရွိခဲ့ၿပီး ဒီလို အစုလိုက္ အၿပံဳလုိက္ ေသဆံုးမႈဟာ ကူးစက္ ေထာင့္သန္းေရာဂါေၾကာင့္ ျဖစ္တယ္လုိ႔ ဥယ်ာဥ္အလုပ္သမားေတြက ယူဆပါတယ္။ အေရွ႕ေျမာက္ေဒသ လက္ေထာက္ ညႊန္ၾကားေရးမႉး ကန္ညင္ဂါကေတာ့ အခုလို ျဖစ္ပြားမႈဟာ ပံုမွန္ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ေသဆံုးေနတဲ့ ေရျမင္းေတြကို ကာဗန္ဂိုျမစ္အတြင္း ေတြ႔ရွိခဲ့ၾကတာျဖစ္ၿပီး ဒီတိရစာၦန္ အေသေတြကို လင္းတေတြနဲ႔ မိေက်ာင္းေတြသာ စားမိခဲ့ရင္ ေရာဂါျဖစ္ပြားမႈ ပိုဆိုးလာႏိုင္တယ္လို႔ တိရစာၦန္ေဆးကု ဆရာဝန္ေတြက ေျပာပါတယ္။

ဒီလို အစုလိုက္အၿပံဳလိုက္ ေသဆံုးမႈ မျဖစ္ခင္ နမီးဘီးယားမွာ ေရျမင္းေကာင္ေရ ၁၃၀၀ ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

နမီးဘီးယားမှာ ကူးစက်ရောဂါကြောင့် ရေမြင်း ၁၀၉ ကောင် သေဆုံး

အာဖရိက တောင်ပိုင်း နမီးဘီးယားနိုင်ငံမှာ ကူးစက် ထောင့်သန်း ရောဂါကြောင့် ရေမြင်း အကောင်ရေ ၁၀ဝ ကျော် သေဆုံးခဲ့ပါတယ်။

ဘွာဘွာတာ အမျိုးသား ဥယျာဉ် အတွင်းမှာ သေဆုံးနေတဲ့ ရေမြင်း ၁၀၉ ကောင် တွေ့ရှိခဲ့ပြီး ဒီလို အစုလိုက် အပြုံလိုက် သေဆုံးမှုဟာ ကူးစက် ထောင့်သန်းရောဂါကြောင့် ဖြစ်တယ်လို့ ဥယျာဉ်အလုပ်သမားတွေက ယူဆပါတယ်။ အရှေ့မြောက်ဒေသ လက်ထောက် ညွှန်ကြားရေးမှူး ကန်ညင်ဂါကတော့ အခုလို ဖြစ်ပွားမှုဟာ ပုံမှန် မဟုတ်ဘူးလို့ ပြောပါတယ်။

သေဆုံးနေတဲ့ ရေမြင်းတွေကို ကာဗန်ဂိုမြစ်အတွင်း တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒီတိရစ္ဆာန် အသေတွေကို လင်းတတွေနဲ့ မိကျောင်းတွေသာ စားမိခဲ့ရင် ရောဂါဖြစ်ပွားမှု ပိုဆိုးလာနိုင်တယ်လို့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက ပြောပါတယ်။

ဒီလို အစုလိုက်အပြုံလိုက် သေဆုံးမှု မဖြစ်ခင် နမီးဘီးယားမှာ ရေမြင်းကောင်ရေ ၁၃၀ဝ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)