
0
227




>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိသျှ အမျိုးသမီးကို အီရန်က ထောင်ဒဏ် ၁၆ နှစ် ချ

ဗြိတိသျှ-အီရန် အမျိုးသမီးတစ်ဦးဖြစ်တဲ့ နာဇာနင် ဇာဂါရီ ရက်ကလစ်ဖ်ကို အီရန် အာဏာပိုင်တွေက ထောင်ဒဏ် ၁၆ နှစ် ချလိုက်ပါတယ်။

သွန်မဆင် ရိုက်တာစ် ဖောင်ဒေးရှင်းက စီမံကိန်း မန်နေဂျာ ဖြစ်သူ ဇာဂါရီ ရက်ကလစ်ဖ်က ၂ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ဗြိတိန်ကို ပြန်မလို့ သွားစဉ် ၂၀၁၆ ဧပြီလက တီဟီရန် လေဆိပ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အကြောင်းပြချက် မပေးဘဲ လများစွာ ထိန်းသိမ်းထားပြီးနောက် အီရန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ၂ နှစ်အရွယ် သမီးဖြစ်သူ ဂါဘရယ်လာကိုလည်း အီရန်နိုင်ငံကနေ ထွက်ခွာခွင့် မပြုလို့ ဇာဂါရီ ရက်ကလစ်ဖ်ရဲ့ မိဘတွေနဲ့ အတူနေနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)