
0
266




>>>>>>>>>>>>>>>>>>>

ရဲအရာရှိကို တက္ကသိုလ်ကျောင်းသားက သေနတ်နဲ့ ပစ်သတ်

တက္ကဆက် စက်မှုတက္ကသိုလ် ပရိဝုဏ်ထဲမှာ ရဲအရာရှိတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

ပစ်သတ်တယ်လို့ သံသယရှိသူကတော့ အခင်းဖြစ်ပွားတဲ့ နေရာကနေ ငွေရောင် BMW ကားနဲ့ ထွက်ပြေးသွားတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသားသစ် ဟိုလစ် အေ ဒင်နီယယ်ဖြစ်ပြီး လောလောဆယ် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒင်နီယယ်ရဲ့ အဆောင် အိပ်ခန်းမှာ ရဲက မူးယစ်ဆေးဝါးတွေ တွေ့ရှိရတယ်လို့ တက္ကသိုလ် ပြောခွင့်ရသူ ခရစ် ကွတ်က ပြောပါတယ်။ ရဲက စခန်းကို ခေါ်အလာမှာ ဒင်နီယယ်က သေနတ်ဆွဲထုတ်ပြီး ရဲရဲ့ ဦးခေါင်းကို ပစ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)