တိုင္ဖြန္း မုန္တိုင္းေၾကာင့္ နာရီတာ ေလဆိပ္မွာ ခရီးသည္ ၁၇၀၀၀ ေသာင္တင္

0
90

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ အင္အားျပင္းထန္တဲ့ ဖက္ဇိုင္း တိုင္ဖြန္း မုန္တိုင္းေၾကာင့္ သယ္ယူပို႔ေဆာင္ေရးေတြ ရပ္ဆိုင္းၿပီး နာရီတာ ေလဆိပ္မွာ ခရီးသည္ ၁၇၀၀၀ ခန္႔ တစ္ညၾကာ ေသာင္တင္ေနခဲ့ၾကပါတယ္။

တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေလေၾကာင္းခရီးစဥ္ ၁၀၀ ေက်ာ္ ရပ္နားထားရၿပီး ေလဆိပ္နဲ႔ ဆက္သြယ္ထားတဲ့ ကားလမ္း၊ ရထားလမ္းေတြလည္း မသံုးမျပဳႏိုင္ခဲ့ပါဘူး။ နာရီတာ ေလဆိပ္ဟာ တိုက်ိဳၿမိဳ႕ အေရွ႕ပိုင္း ခ်ီဘာမွာ တည္ရွိပါတယ္။ တိုင္ဖြန္း ဖက္ဇိုင္းဟာ တစ္နာရီကို ၁၂၉ မိုင္ႏႈန္းနဲ႔ တိုက္ခဲ့တာ ျဖစ္ပါတယ္။

ေလဆိပ္ထဲမွာ တစ္ညတာ ပိတ္မိေနၿပီးေနာက္ အခု ခရီးသည္ေတြ လိုရာကို သြားႏိုင္ၿပီျဖစ္ေၾကာင္း၊ ဘတ္စ္ကားေတြနဲ႔ ရထားေတြလည္း ျပန္လည္ ေျပးဆြဲေနၿပီျဖစ္ေၾကာင္း ေလဆိပ္ ေျပာခြင့္ရ ခဲအိ မီယာဟာရာက ေျပာပါတယ္။

တိုင်ဖွန်း မုန်တိုင်းကြောင့် နာရီတာ လေဆိပ်မှာ ခရီးသည် ၁၇၀ဝ၀ သောင်တင်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အင်အားပြင်းထန်တဲ့ ဖက်ဇိုင်း တိုင်ဖွန်း မုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေးတွေ ရပ်ဆိုင်းပြီး နာရီတာ လေဆိပ်မှာ ခရီးသည် ၁၇၀ဝ၀ ခန့် တစ်ညကြာ သောင်တင်နေခဲ့ကြပါတယ်။


တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၀ဝ ကျော် ရပ်နားထားရပြီး လေဆိပ်နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေလည်း မသုံးမပြုနိုင်ခဲ့ပါဘူး။ နာရီတာ လေဆိပ်ဟာ တိုကျိုမြို့ အရှေ့ပိုင်း ချီဘာမှာ တည်ရှိပါတယ်။ တိုင်ဖွန်း ဖက်ဇိုင်းဟာ တစ်နာရီကို ၁၂၉ မိုင်နှုန်းနဲ့ တိုက်ခဲ့တာ ဖြစ်ပါတယ်။


လေဆိပ်ထဲမှာ တစ်ညတာ ပိတ်မိနေပြီးနောက် အခု ခရီးသည်တွေ လိုရာကို သွားနိုင်ပြီဖြစ်ကြောင်း၊ ဘတ်စ်ကားတွေနဲ့ ရထားတွေလည်း ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း လေဆိပ် ပြောခွင့်ရ ခဲအိ မီယာဟာရာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)