0
91
နယ်သာလန် ရဲအရာရှိ ကလေးတွေကိုသတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်
နယ်သာလန်နိုင်ငံ၊ ဒေါ်ဒရက်ချ်မြို့မှာ ရဲအရာရှိတစ်ဦးဟာ သူ့ရဲ့ ကလေးနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ဇနီးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
မနေ့ စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားမှုဟာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်ပြီး မိသားစု ကိစ္စဖြစ်ပုံရတယ်လို့ ရဲအရာရှိတစ်ဦးဖြစ်သူ ဝင်း ဟွန်းဟော့က ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် နယ်သာလန် ရဲအရာရှိဟာ မနေ့က ညနေမှာ အခုလို ပစ်ခတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၈ နှစ်အရွယ် သူ့ဇနီးလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကလေးတွေကတော့ အသက် ၈ နှစ်နဲ့ ၁၂ အရွယ် အသီးသီး ရှိပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)