ေဟာင္ေကာင္ကို ခြဲထုတ္မယ့္လုပ္ရပ္ကို သည္းခံမွာ မဟုတ္ေၾကာင္း တ႐ုတ္ သတိေပး

0
106

ေဟာင္ေကာင္ကို တ႐ုတ္ လက္ေအာက္က ခြဲထုတ္မယ့္ လုပ္ရပ္ေတြကို တ႐ုတ္ ဗဟုိအစိုးရအေနနဲ႔ သည္းခံမွာ မဟုတ္ေၾကာင္း တ႐ုတ္အစိုးရ သတင္းစာ ခ်ိဳင္းနား ေဒးလီးမွာ ေဖာ္ျပထားပါတယ္။

ေဟာင္ေကာင္ရွိ အေမရိကန္ ေကာင္စစ္၀န္ရံုးနား ဆႏၵျပခဲ့ၾကၿပီး အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ အေနနဲ႔ ေဟာင္ေကာင္ကို ကယ္တင္ေပးဖို႔ ဆႏၵျပသူေတြက ေတာင္းဆုိခဲ့ၾကပါတယ္။ ဆႏၵျပမႈဟာ ရက္ေပါင္း ၉၀ ေက်ာ္လာခဲ့ၿပီး ဆႏၵျပပြဲေတြ တျဖည္းျဖည္း အရွိန္ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

ေဟာင္ေကာင္ကို မတည္ၿငိမ္ေအာင္ ျပဳလုပ္ၿပီး တ႐ုတ္ဗဟိုအစိုးရ ထိခိုက္နစ္နာေအာင္ ႏိုင္ငံျခား တုိင္းျပည္ေတြက လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္အစိုးရ တာဝန္ရွိသူေတြက စြပ္စြဲထားပါတယ္။ ေဟာင္ေကာင္ ဆႏၵျပပြဲေတြက ဒီမုိကေရစီ၊ ဒါမွမဟုတ္ လူအခြင့္အေရးအတြက္ မဟုတ္ဘဲ တ႐ုတ္အစိုးရကို နစ္နာေအာင္ ျပည္ပႏုိင္ငံေတြက ၾကားဝင္စြက္ဖက္ေနတာေၾကာင့္ ျဖစ္ေပၚေနတာျဖစ္ေၾကာင္း ခ်ိဳင္းနား ေဒးလီး သတင္းစာက ေဖာ္ျပပါတယ္။ 

ဟောင်ကောင်ကို ခွဲထုတ်မယ့်လုပ်ရပ်ကို သည်းခံမှာ မဟုတ်ကြောင်း တရုတ် သတိပေး


ဟောင်ကောင်ကို တရုတ် လက်အောက်က ခွဲထုတ်မယ့် လုပ်ရပ်တွေကို တရုတ် ဗဟိုအစိုးရအနေနဲ့ သည်းခံမှာ မဟုတ်ကြောင်း တရုတ်အစိုးရ သတင်းစာ ချိုင်းနား ဒေးလီးမှာ ဖော်ပြထားပါတယ်။


ဟောင်ကောင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးနား ဆန္ဒပြခဲ့ကြပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အနေနဲ့ ဟောင်ကောင်ကို ကယ်တင်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြမှုဟာ ရက်ပေါင်း ၉၀ ကျော်လာခဲ့ပြီး ဆန္ဒပြပွဲတွေ တဖြည်းဖြည်း အရှိန်မြင့်တက်နေဆဲ ဖြစ်ပါတယ်။


ဟောင်ကောင်ကို မတည်ငြိမ်အောင် ပြုလုပ်ပြီး တရုတ်ဗဟိုအစိုးရ ထိခိုက်နစ်နာအောင် နိုင်ငံခြား တိုင်းပြည်တွေက လုပ်ဆောင်နေကြောင်း တရုတ်အစိုးရ တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ ဟောင်ကောင် ဆန္ဒပြပွဲတွေက ဒီမိုကရေစီ၊ ဒါမှမဟုတ် လူအခွင့်အရေးအတွက် မဟုတ်ဘဲ တရုတ်အစိုးရကို နစ်နာအောင် ပြည်ပနိုင်ငံတွေက ကြားဝင်စွက်ဖက်နေတာကြောင့် ဖြစ်ပေါ်နေတာဖြစ်ကြောင်း ချိုင်းနား ဒေးလီး သတင်းစာက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)