
0
113




အမေရိကန်နဲ့ ဒီလကုန်ပိုင်းမှာ ဆွေးနွေးမှု ပြန်စမယ်လို့ မြောက်ကိုရီးယား ပြော


နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စက်တင်ဘာလကုန်ပိုင်းမှာ အမေရိကန် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယား အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။


အမေရိကန်နဲ့ မြောက်ကိုရီးယား နိုင်ငံကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြုလုပ်တဲ့ ဆွေးနွေးမှု ရပ်သွားခဲ့ပြီးနောက် ဆွေးနွေးမှု ပြန်လုပ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဇွန်လအတွင်းက တွေ့ဆုံချိန်မှာ ဝန်ကြီးအဆင့် ဆွေးနွေးဖို့ သဘောတူညီခဲ့ပြီး အဲဒီသဘောတူညီမှုက လက်ရှိအချိန်အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)