
0
225




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ နှစ်ပေါင်း ၂၅ ကျော်အတွင်း ဝက်တုတ်ကွေး ဖြစ်

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ဝက်တုတ်ကွေး ရောဂါဖြစ်ပွားနေတာကြောင့် ဝက်သား ပြည်ပတင်ပို့မှုတွေကို ဆိုင်းငံထားကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဝက်ခြံမှာ ဝက်အကောင်ရေ ၈၀ သေဆုံးသွားခဲ့ပြီးနောက် စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ချိန်မှာ ဝက်တုတ်ကွေးဖြစ်တဲ့ အခြေနေကို သိရှိခဲ့ တာဖြစ်တယ်လို့ ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောပါတယ်။

ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဝက်တုတ်ကွေးဖြစ်တဲ့ ဝက်ခြံက ဝက်အကောင်ရေပေါင်း ၆၀ဝ ကို သုတ်သင်ခဲ့တယ်လို့ပြောပါတယ်။ ဂျပန် အစိုးရဟာ ဝက်တုတ်ကွေးဖြစ်ပွားရဲ့ အခြေနေ နဲ့ လေ့လာစုံစမ်းဖို့ အထူး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားပါတယ်။ ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပြည်ပကို ဝက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ သန်းရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)